ဒီတစ်ခါမှာတော့အချိန်အတော်ကြာမျှော်လင့်ထားတဲ့ကားလေးတစ်ကားထွက်ရှိလာတော့မှာဆိုတော့
မာရှယ်ပရိသတ်တွေကို
မိတ်ဆက်ပေးပါ့မယ်
The dream of splendor (ဂန္တဝင်အိပ်မက်)
ရှေးအစဉ်အဆက်ကတည်းက
မိန်းမသားတွေဟာ အထင်အမြင်သေးခံ အဖိနှိပ်ခံလာခဲ့ရတာ
မဟုတ်ပါလား သဘာဝကပေးတဲ့ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့်သာ ယောက်ျားသားတွေထက်နူးညံ့သိမ်မွေ့တယ်လို့
သတ်မှတ်ကြပေမယ့် တကယ်တော့မိန်းမသားတွေဟာလည်း အားနည်းတယ်မဟုတ်ကြပါဘူး
ဒီကားလေးမှာတော့လူ့အသိုင်းအဝိုင်းတစ်ခုလုံးရဲ့မိန်းမသားတွေအပေါ်အမြင်ကိုပြောင်းလဲအောင်ကြိုးစားသွားမယ့် ကျောက်ဖန့်အာအဖြစ် ဂူဂူးဆိုပြီးလူသိများတဲ့ ( liu yifei - လျိုရိဖေး) ကိုမြင်ကြရတော့မှာပါ
ဟန်ကျိုးမှာလက်ဖက်ရည်ဆိုင်လေးတစ်ခုဖွင့်ထားတဲ့ ကျောက်ဖန့်အာ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီးကိုယ်ကြိုးစားရင်ကြိုးစားသလို ရလာဒ်ကောင်းပြန်ရမယ်လို့ယုံကြည်သူ
မိန်းမငယ်လေးတစ်ယောက်ပေါ့
ဒါပေမဲ့လည်းသူ့ချစ်သူအိုးရန်ရွှီကတော့
မြို့တော်မှာအရပ်သားစာမေးပွဲအောင်တာနဲ့ သူ့ကိုသစ်စိမ်းချိုးချိုးပြီးပျောက်သွားခဲ့တယ်
စွန့်ပစ်ခံရတဲ့တခြားမိန်းကလေးတွေလိုဝမ်းနည်းပက်လက်ဖြစ်နေမယ့်အစား ကျောက်ဖန့်အာကတော့ ပေကျင်းကိုရောက်အောင်သွားပြီး ရှင်းပြချက်တောင်းမယ်
တရားမျှတမှုကိုရှာမယ်လို့ကတိပြုခဲ့ပါသတဲ့
တစ်ချိန်တည်းမှာပဲ မပြေလည်တဲ့အိမ်ထောင် ရေးတွေကြောင့်တွေခံစားခံခဲ့ကြရတဲ့ စုန့်ယင်ကျန်း စွန်းစန်းညန်တို့နှစ်ယောက်နဲ့လည်းတွေ့ပြီးညီအစ်မအရင်းသဖွယ်ဖြစ်လာခဲ့ကြတယ်
ဒီညီအစ်မသုံးယောက်ရဲ့မြို့တော်ကိုသွားတဲ့ခရီးမှာ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ
မြို့တော်ကရောသူတို့သုံးယောက်
ဘယ်လိုအယူအဆ အတွေးအခေါ်တွေနဲ့စောင့်နေမလဲဆိုတာကြည့်ရှုကြရမှာပါ
ဒီကားမှာဆိုရင် ရှေးခတ်လူနေမှုရဲ့
မိန်းမသားတွေအပေါ်သတ်မှတ်ထားတဲ့
ထင်မြင်ချက်နဲ့စံချိန်စံညွှန်းတွေကို
ကျောက်ဖန့်အာတစ်ယောက်ဘယ်လို
ဖြတ်ကျော်ပြီးသက်သေပြမလဲဆိုတာတွေ့မြင်ကြရမှာဖြစ်ပါတယ်
လျိုရိဖေးရဲ့သိမ်းငှက်သူရဲကောင်း ၂၀၀၆အပြီး ၁၅ကျော် (ဆယ်စုနှစ်၁ခုခွဲကျော်) နေမှ comeback ပြန်လာတဲ့ drama တစ်ကားဖြစ်လို့သေချာပေါက်စောင့်ကြည့်ရမယ့်ကားကောင်းတစ်ကောင်းပါပဲနော်
နောက်ပြီး မာရှယ်ရဲ့လက်ရာ
မာရှယ်ရဲ့မူအတိုင်း
opening song
ending song အပြင်
ဇာတ်ဝင်တေးမှန်သမျှကိုပါ
အလန်းစား ဘာသာပြန်တင်ဆက်ပေးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်
ကဲ...မာရှယ်ရဲ့လက်ရာကို အကဲဖြတ်ကြည့်ရှုကြရအောင်လား ပရိတ်သတ်ကြီး
Review by #ပေါက်ပေါက်
#martialworldmyanmar
Details
- Native Title: 梦华录
- Also Known As: Bian Liang Meng Hua Tu , 汴京梦华图 , Meng Hua Lu , Record of Dreams and Blossoms
- Director: Yang Yang
- Screenwriter: Zhang Wei
- Genres: Historical, Romance
- Type: Drama
- Episodes: 40
- Airs: Jun 2, 2022 - ?
- Original Network: Tencent video
" ဂန္တဝင်အိပ်မက် "(နမူနာ)
Episode 21 Coming Soon....
0 Comments: