ဒီတစ်ခါမှာတော့ သိုင်းကားတွေကိုမှကြိုက်နှစ်သက်ကြတဲ့ Martial ပရိသတ်ကြီးကိုထွက်ရှိလာတော့မယ့် Wuxiaစစ်စစ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းလေးကတော့
ရွှီဖုန်းနျန်ကမြောက်ပိုင်းလျန်တိုင်းပြည်ရဲ့မင်းသားတစ်ပါးပဲဖြစ်ပါတယ်
မာနကြီးပေမယ့်ပါရမီရှင်လူငယ်တစ်ဦးလည်းဖြစ်တာကြောင့် အဖေဖြစ်သူရွှီရှောင်းကသူ့သားအပေါ်အတော်လေးမျှော်မှန်းထားခဲ့ပါတယ်
တစ်ဖက်မှာဖခင်ရဲ့မျှော်လင့်ချက် တစ်ဖက်မှာလည်း မိခင်ဖြစ်သူအတွက်ကလဲ့စားချေဖို့ အားခဲရင်း မကျွမ်းကျင်တဲ့သိုင်းလောကဆီကို ရွှီဖုန်းနျန်တစ်ယောက်ခြေချခဲ့ပါတယ်
လျှောက်လှမ်းခဲ့တဲ့ခြေလှမ်းတိုင်းကဆူးကြမ်းတွေ အသက်ဘေးနီးတဲ့အန္တရာယ်တွေ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပြည့်နှက်နေပေမယ့်
ရွှီဖုန်းနျန် ကတော့သိုင်းပညာကိုတိုးတက်လာအောင်လေ့ကျင့်ခဲ့ရင်းခရီးအတွင်းမှာ အရေးပါတဲ့သိုင်းလောကကလူအပေါင်းကိုလည်းမိတ်ဖွဲ့စုဆောင်းနိုင်ခဲ့ပြီး ပေလျန်ရဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်
ပေ့မုန်တွေကျူးကျော်လာခဲ့တဲ့ ပေ့မုန်ကျူးကျော်မှုမှာတော့ရွှီဖုန်းနျန်ကိုယ်တိုင် ပေလျန် သံချပ်ကာမြင်းတပ်ကိုဦးဆောင်ပြီး
တိုက်ခိုက်ခဲ့ပါတယ် စစ်သည်သုံးသိန်းနီးပါးကျဆုံးခဲ့ပေမယ့် ဆုံးရှုံးခဲ့ရတဲ့နယ်မြေနဲ့ပြည်သူတွေအတွက်တိုက်ပွဲဝင်ခဲ့တဲ့
ရွှီဖုန်းနျန်ဟာ အလယ်ပိုင်းလွင်ပြင်ဒေသရဲ့မျှော်လင့်ချက် မီးပြတိုက်သဖွယ်ဖြစ်လာခဲ့ပါတော့တယ်
ဒီကားလေးမှာဆိုရင် ရင်းနှီးပြီးသားဖြစ်တဲ့
Joy of life (2019)က Zhang Ruo Yun
Go Prince Go(2015)က Crystal Zhang
Pillow Book(2019)က Vengo Gaoတို့အပြင်
တိမ်လွှာနဂါးသူရဲကောင်းများ(2003)က ချောင်ဖုန်း သရုပ်ဆောင်ဖြစ်တဲ့ Hu Jun လည်းပါဝင်ထားတဲ့အပြင် တခြားသောမင်းသားမင်းသမီးအများကြီးနဲ့လည်းပါဝင်အားဖြည့်ထားတာ မလို့ ကြည့်ရကျိုးနပ်စေမှာတော့အမှန်ပါပဲ မကြာခင်ထွက်ရှိလာမှာဖြစ်ပြီးတော့ အပိုင်း(၃၈)ပိုင်းပါရှိမှာဖြစ်ပါတယ်
Review by Yolk
#martialworldmyanmar
Details
- Title: 雪中悍刀行 / Xue Zhong Han Dao Xing
- Burmese title: နှင်းမြူလယ်က တုနှိုင်းမဲ့ဓားသမား
- English title: Sword Snow Stride
- Genre: Wuxia
- Episodes: 38
- Broadcast network: Beijing TV, Tencent
- Broadcast period: 2021-Dec-15
ချစ်မဲ့လူသား
ReplyDeleteဒုတိယတွဲမတင်တော့ဘူးလား
ReplyDeleteဒုတိယတွဲလေးတင်ပေးပါလားpls
ReplyDeleteဒုတိယအတွဲလေးမတင်တော့ဘူးလားဗျ
ReplyDelete