The Empress of China

Hello ပရိတ်သတ်ကြီး

တရုတ်ပြည်ရဲ့သမိုင်းတစ်လျောက်
အမျိုးသားဘုရင်တွေသာကြီးစိုးအုပ်ချုပ်ခဲ့ကြပေမဲ့ တထန်မင်းဆက်ခေတ်မှာတော့
ဝူကျယ်ထျန်း(624-705)ဆိုတဲ့ဘုရင်မကြီးက သက္ကရာဇ် 690 ခုနှစ်ကနေ 705ခုနှစ်အထိ ၁၅နှစ်တာအချိန်ကာလကို အုပ်ချုပ်ခဲ့ဖူးပါတယ် တဲ့ ။

အခု ကျွန်တော်တို့ တင်ဆက်ပေးမဲ့ဇာတ်ကားကတော့ အဆိုပါဘုရင်မကြီးအကြောင်းကို ခမ်းနားစွာရိုက်ကူးပြသထားတဲ့
" The Empress Of China " "ရာဇဝင်ထဲကဧကရီ " ပဲ ဖြစ်ပါတယ် ။

သမိုင်းမှတ်တမ်းတွေအရ​တော့ ဘုရင်မကြီး ဝူကျယ်ထျန်းကို ရက်စက်တတ်သူ၊ အာဏာအတွက်ကိုယ့်သားသမီးကို ပြန်သတ်တဲ့သူ ၊ ကွမ်ရင်မယ်တော်ရုပ်တုရဲ့မျက်နှာနေရာမှာ သူ့မျက်နှာကိုထည့်သွင်းထုလုပ်စေခဲ့တဲ့အထိ ဘဝင်ရူးသူ စသည်ဖြင့် မကောင်းတဲ့သတ်မှတ်ချက်တွေရှိသလို သူအုပ်ချုပ်စဥ်ကာလမှာ ကိုယ့်နိုင်ငံအပေါ်ထိပါးစော်ကားလာပါက သံတမန်တွေကို ညီလာခံတရားရုံးတော်ထဲမှာပင် သတ်ပစ်ခြင်းကြောင့် အခြားနိုင်ငံတွေမှ စစ်မက်မကျူးကျော်ရဲကြခြင်း၊  အမျိုးသားတွေကိုသာ ဦးစားပေးလွန်းတဲ့ တထန်မင်းဆက်ခေတ်မှာ အမျိုးသမီးတွေကို နေရာပေးခြင်း ၊ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပြီး နိုင်ငံအတွင်း ပြန့်ပွားအောင် ဆောင်ရွက်ခြင်း စတဲ့ကောင်းတဲ့မှတ်တမ်းတွေလည်း ရှိခဲ့ပါတယ်။

ယခုဇာတ်ကားထဲမှာတော့ ကာလအပိုင်းအခြား ၃ခုကို ကြည့်ရှုရမှာဖြစ်ပြီး  

ပထမပိုင်းမှာတော့ ဝူကျယ်ထျန်းဘုရင်မကြီးအလျောင်းအလျာ ဝူရူယိဆိုတဲ့ မိန်းမပျိုလေး နန်းတွင်းဝင်ရောက်လာခဲ့တဲ့ သူ့အသက်၁၃နှစ်မှစတင်ကာ ထိုက်ကျုံးဧကရာဇ် သက်တော်ထင်ရှားရှိစဥ်ကာလ ရာထူးရာခံမရရှိတဲ့ မိဖုရားငယ်တစ်ပါးရဲ့ ဖြတ်သန်းရပုံ

ဒုတိယပိုင်းမှာတော့ ထိုက်ကျုံးဧကရာဇ် နတ်ရွာစံပြီး ကောင်းကျုံးဧကရာဇ် နန်းတက်စဥ်ကာလ မိဖုရားခေါင်ကြီးတစ်ပါးအဖြစ် ဖြတ်သန်းရပုံ

တတိယပိုင်းအနေနဲ့ကတော့ ကောင်းကျုံးဧကရာဇ်နတ်ရွာစံပြီးနောက် သူကိုယ်တိုင် ဘုရင်မကြီးအဖြစ် အုပ်ချုပ်ခဲ့တဲ့ (690-705) ၁၅နှစ်တာ ကာလအပိုင်းအခြားကို ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။

တထန်မင်းဆက်ခေတ် အလယ်နန်းဆောင် ဘုရင်/ဘုရင်မတွေရဲ့ ချမ်းသာကြွယ်ဝပုံတွေ ၊ ဝတ်စားဆင်ယင်မှုတွေ.....
အနောက်နန်းဆောင် မိဖုရားတွေရဲ့ချမ်းသာကြွယ်ဝပုံတွေ ၊ ဝတ်စားဆင်ယင်မှုတွေ ၊ မိဖုရားတွေရဲ့ အချင်းချင်းအကောက်ကြံမှုတွေ ......
မင်းညီမင်းသားတွေနဲ့အတူ ညီလာခံတရားရုံးတော်အတွင်းက အမတ်တွေရဲ့အာဏာလုအားပြိုင်မှုတွေ.....
အမတ်တွေရဲ့ ဘုရင်မကြီးအပေါ် အကောက်ကြံမှုတွေကို တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။
 
ဘုရင်မကြီးဝူကျယ်ထျန်းအဖြစ်ကိုတော့
ယခုအချိန်မှာ ကံမကောင်းအကြောင်းမလှလို့ သိပ်ပြီးထင်ပေါ်မနေတဲ့
တရုတ်ပြည်ရဲ့ဖက်ရှင်ကွင်း ဖန်ပင်းပင်းက သရုပ်ဆောင်ထားပြီး အပိုင်းအားဖြင့် စုစုပေါင်း ၈၂ ပိုင်း ရှိပါတယ် ။

ဖန်ပင်းပင်းရဲ့ နောက်ထပ်ထွက်ရှိလာမဲ့ ဇာတ်ကားတွေကိုစောင့်မျှော်နေကြရင်းနဲ့
အခု "ရာဇဝင်ထဲကဧကရီ" ဆိုတဲ့ ဇာတ်ကားကြီးကို Martial World Myanmar ရဲ့ လက်ရာနဲ့ ကြည့်ရှုခံစား အကဲဖြတ်ကြည့်ကြရအောင်လား ပရိတ်သတ်ကြီး...

Review by Paparazzi

Details

  • Native Title: 武媚娘传奇
  • Also Known As: Shao Nu Wu Ze Tian , Wu Ze Tian , Empress Wu , 武则天
  • Screenwriter: Li Sen Xiang, Wang Yan Bei
  • Director: Go Yik Chun
  • Genres: Historical, Mystery, Romance, Political
  • Type: Drama
  • Episodes: 96
  • Aired: Dec 21, 2014 - Feb 3, 2015
  • Original Network: Hunan TV
  • Duration: 30 min.

              👇👇Download ရယူရန်👇👇

Episode 01            Telegram | Mega
Episode 02           Telegram | Mega 
Episode 03           Telegram | Mega 
Episode 04          Telegram | Mega 
Episode 05           Telegram | Mega 
Episode 06           Telegram | Mega 
Episode 07           Telegram | Mega
Episode 08           Telegram | Mega
Episode 09           Telegram | Mega
Episode 10           Telegram | Mega 
Episode 11           Telegram | Mega
Episode 12           Telegram | Mega
Episode 13           Telegarm | Mega
Episode 14          Telegram | Mega
Episode 15          Telegram | Mega
Episode 16          Telegram | Mega
Episode 17          Telegram | Mega
Episode 18          Telegram | Mega
Episode 19          Telegram | Mega
Episode 20          Telegram | Mega
Episode 21          Telegram | Mega
Episode 22          Telegram | Mega
Episode 23          Telegram | Mega
Episode 24          Coming soon…
Similar Drama

0 Comments: