" သစ္စာဖြင့် စီရင်အပ်သော "
ဒီကားလေးမှာ နန်းတွင်းကားတစ်ကားရဲ့ အငွေ့အသက်တွေဖြစ်တဲ့ ရာဇပုလ္လင်နန်းအတွက် တော်ဝင်မျိုးနွယ်အချင်းချင်း အပြုံးတွေရဲ့နောက်ကွယ်က သွေးသားအရင်းကအစ စတေးရဲတဲ့ ရက်စက်လွန်းတဲ့ ရာဇသွေးတို့ရဲ့အမူအကျင့်တွေကို တွေ့မြင်နိုင်ပါလိမ့်မယ်
ဇာတ်လမ်းအကျဥ်းပြောရရင် ရှန်ကျန်းကျူးဆိုတဲ့ အသိဥာဏ်ဗဟုသုတကြွယ်ပြီး ရဲရင့်ပွင့်လင်းတဲ့ တော်ဝင်ကြင်ယာတော်တစ်ပါးရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားတာပါ သူမဟာ လှပတယ် ထက်မြက်တယ် အမှန်တရားကိုမြတ်နိုးတယ် စူးစမ်းလိုစိတ် ပြင်းပြတယ် သူရဲ့ ငယ်စဥ်ကလေးဘဝက အဖြစ်အပျက်လေးထဲက သူ့ရဲ့ကယ်တင်ရှင်ကို ရှာဖွေနိုင်ဖို့ ကျောက်စိမ်းအဆောင်လေးတစ်ခုနဲ့ ရှာဖွေစုံစမ်းနေတတ်တယ် သူတစ်ချိန်လုံး ရှာဖွေနေခဲ့တဲ့သူက ဘယ်သူဖြစ်မလဲ???
ကွမ်ဖျင်မင်းသား လီချူ နဲ့ ကျန်းနင်မင်းသား လီထန်
ကွမ်ဖျင်မင်းသားက ရဲရင့်ထက်မြက်ပြီး အရာရာမှာ အလေးနက်ထားသလောက် ညီတော် လီထန်ကတော့
ပျော်ပျော်နေတတ်တဲ့ မင်းသားတစ်ပါး ဒါပေမဲ့ အရမ်းချစ်ကြတဲ့ သွေးရင်းညီအစ်ကိုတွေ...
ခမည်းတော် အိမ်ရှေ့မင်းသားကြီးရဲ့ လက်ရုံးတစ်ဆူအလား အားကိုးရတဲ့ ကွမ်ဖျင်မင်းသားလီချူ ခေါ် သုန်လောင် နှလုံးရည် လက်ရုံးရည်ပြည့်ဝတဲ့ မင်းသားတစ်ပါးရဲ့ ကြင်ယာတော်တွေအဖြစ် ရှန်ကျန်းကျူးနဲ့ ချွေ့ချိုင်ဖျင်ကို ရွေးချယ်လိုက်တဲ့အချိန် နဂိုကတည်းက အမြင်မကြည်သူနှစ်ယောက် ဘယ်လိုများ ပြိုင်ဆိုင်ကြမလဲ???
ဘုရင်တစ်ပါးမှာ ချစ်ခြင်းမေတ္တာတွေထက် တိုင်းပြည်အရေးကို ဦးစားပေးရွေးချယ်လိုက်ရတဲ့အခါ...
ဘဝလက်တွဲဖော် ကြင်ယာတော် မိဖုရားအနေနဲ့
ဘယ်လိုတွေ ပေးဆပ်လိုက်ရသလဲဆိုတာကိုတော့ဖြင့်
Martial World Myanmar ရဲ့ နန်းတွင်းလက်ရာစစ်စစ်
" သစ္စာဖြင့် စီရင်အပ်သော "
ဆိုတဲ့ဇာတ်လမ်းလေးကို ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးသွားမှာမို့
စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင့်
Review by Dannaryi Nway
#MartialWorldMyanmar
Details
- Title: 大唐荣耀 / Da Tang Rong Yao
- English title: The Glory of Tang Dynasty
- Genre: Historical, romance
- Viewership ratings: peak = 0.75%, average = 0.586% (BTV), 0.486% (AHTV)
Season 1
- Episodes: 60
- Broadcast network: Beijing TV, Anhui TV
- Broadcast period: 2017-Jan-29 to 2017-Mar-01
- Opening theme song: "လွမ်းတေးသီတဲ့ နန်းထက်ဆီ" For the Empire (为江山) by Sun Nan
Season 2
- Episodes: 32
- Broadcast network: Beijing TV, Anhui TV
- Broadcast period: 2017-Apr-03 to 2017-May-03
" သစ္စာဖြင့် စီရင်အပ်သော " (နမူနာ)
0 Comments: