ဒီတစ်ခါတော့ သိုင်းကားကောင်းတွေကိုမှကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် ကျွန်တော်တို့ငယ်ငယ်က မှုန်ဝါးဝါးကြည့်ခဲ့ရတဲ့ သိုင်းကားကောင်းတစ်ကားကို HDအကြည် MWM ရဲ့လက်ရာနဲ့ ပြန်လည်တင်ဆက်ပေးမှာဖြစ်ပါတယ်။
အဲဒီသိုင်းကားဟာ နာမည်ကြီးသိုင်းကားတွေဖြစ်တဲ့ နဂါးနိုင်ဓား၊သိုင်းလောကစိန်ခေါ်သံ၊သိမ်းငှက်သူရဲကောင်း၊တိမ်လွှာနဂါးသူရဲကောင်းများ စတဲ့သိုင်းကားတွေရဲ့ကလောင်ရှင် စာရေးဆရာကြီး ကျင်းယုံ ရဲ့သိုင်းဝတ္ထုကိုရိုက်ကူးထားတဲ့ "နှင်းတောင်သူရဲကောင်း" ပဲဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အများကြီးညွှန်းဖို့လိုမယ်မထင်ပါဘူး
ဟူမိသားစုရဲ့နောက်ဆုံးမျိုးဆက် ဟူဖေး မွေးပြီးခါစကာလမှာ သိုင်းလောက အကျော်အမော်ကြီး ၂ယောက်ဖြစ်တဲ့ ဟူသူရဲကောင်းနဲ့ မြောင်သူရဲကောင်းတို့ လူယုတ်မာတစ်ယောက်ရဲ့ အကွက်ဆင်မှုကြောင့်တိုက်ခိုက်ကြရင်း ဟူသူရဲကောင်းသေဆုံးခဲ့ပါတယ်။
သစ္စာရှိအစေခံလေး ဖျင်အားစစ်က
မွေးကင်းစကတည်းက မိဘနှစ်ပါးဆုံးရှုံးခဲ့ရတဲ့ ဟူဖေးကို ပြုစုပျိုးထောင်ရင်း ဖခင်ချန်ရစ်ခဲ့တဲ့သိုင်းအမွေအနှစ်ကိုသင်ကြားစေခဲ့ပါတယ်
ဒီလိုနဲ့ ဟူဖေးဟာ သိုင်းပညာထက်မြက်သူတစ်ယောက်ဖြစ်လာခဲ့ပြီး မိဘတွေအတွက်လက်စားချေဖို့ကြိုးစားရင်း အရှုပ်အထွေးကြားထဲလျှို့ဝှက်ချက်တွေ တစ်စတစ်စပေါ်လာတဲ့အခါ သူ့မိဘသေဆုံးမှုဟာ မရိုးရှင်းဘူးဆို သဘောပေါက်လာခဲ့ပါတယ်။
ဘယ်လိုလှည့်ကွက်တွေ ဘယ်လိုလျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာမလဲ?
သိုင်းလောက အရှုပ်အထွေးတွေကြားထဲမှာ ဘယ်လိုရှင်သန်မလဲဆိုတာ ရှုစားကြပါစို့ခင်ဗျာ
ကဲ သိုင်းကားမှသိုင်းကားဆိုတဲ့
သိုင်းလောကသားတွေအကြိုက်
ဇတ်ကားတစ်ကားကို
MWM ရဲ့ အကောင်းဆုံးဘာသာပြန်လက်ရာနဲ့တင်ဆက်ပေးမှာဖြစ်တာကြောင့်
သိုင်းကားတစ်ကားရဲ့ခံစားချက်
ရ မရ ဆိုတာ
အကဲဖြတ်ကြည့်ကြတာပေါ့ဗျာ
Details
- Title: 雪山飛狐 / Xue Shan Fei Hu
- English title: Fox Volant of the Snowy Mountain
- Also known as: Flying Fox of the Snowy Mountain
- Genre: Wuxia
- Episodes: 40
- Broadcast year: 2007
👇👇Download ရယူရန်👇👇
0 Comments: