Prince of lan ling
(ဒဏ္ဍာရီထဲကသူရဲကောင်း)
Martial world Myanmar ပရိသတ်ကြီးကိုတစ်ခေတ်တစ်ခါကလူကြိုက်များခဲ့တဲ့series လေးတစ်ခုနဲ့ပြန်မိတ်ဆက်ပေးချင်ပါတယ်
#လောကကြီးမငြိမ်မသက်ဖြစ်ပြီး နေရာအနှံ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာ တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည်ကလည်း သူတစ်လူငါတစ်မင်း လောကကိုအုပ်စိုးဖို့ကြိုးစားနေတဲ့အချိန်ပေါ့
ရှေးကတည်းကဧကရာဇ်တွေဟာ ဝူမျိုးနွယ်စုနတ်သမီး အကူအညီနဲ့လောကကြီးကိုအုပ်စိုးနိုင်ခဲ့ကြတယ် ဒီအတွက်ကြောင့်ပဲ ဝူမျိုးနွယ်စုက လောဘသားကောင်တွေရဲ့မျက်စိကျစရာတစ်ခုဖြစ်လာခဲ့ကြပါတယ်
ပုန်ကန်သူတွေဆီရောက်သွားမှာစိုးတာကြောင့် လည်း ဧကရာဇ်တွေကိုယ်တိုင်က အမြစ်ဖြတ်သုတ်သင်ခဲ့ကြတာပေါ့
လွတ်မြောက်သွားတဲ့လူအနည်းငယ်ကပဲ လောကကြီးနဲ့အဆက်အသွယ်ဖြတ်ပြီး ပုန်းရှိူးနေခဲ့ကြတယ် ဒါပေမဲ့ဝူမျိုးနွယ်စုကနတ်သမီးကိုရတဲ့သူဟာ လောကကြီးကိုအုပ်စိုးနိုင်လိမ့်မယ်ဆိုတဲ့ ဟောကိန်းကတော့ရှိနေဆဲပါပဲ
ချီနိုင်ငံကစစ်သူကြီးတစ်ယောက်ဖြစ်တဲ့ လန်လင်မင်းသားကတော့ ဟောကိန်းထဲက
လောကကြီးကိုကယ်တင်နိုင်မယ့် လေးယောက်ထဲက တစ်ယောက်ပဲဖြစ်ပါတယ် ဖီးနစ်ငှက်ကံကြမ္မာနဲ့မွေးဖွားလာပေမယ့်လည်း ခြေသည်းမရှိတဲ့ငှက်လို အကုပ်အတွယ်မရှိသူပါ
ကံကြမ္မာကသူတို့နှစ်ဦးကိုပေါင်းဖက်စေဖို့ ဖူးစာစုံလာတဲ့အခါမှာတော့.....
ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာဖြစ်ပါတယ်
#MartialWorldMyanmar
Details
- Title: 兰陵王 / Lan Ling Wang
- Also known as: Prince of Lan Ling
- Genre: Historical, romance
- Episodes: 46
- Broadcast network: CTV
- Broadcast period: 2013-Aug-14
👇👇Download ရယူရန်👇👇
0 Comments: