ဒီတစ်ခါမှာတော့
MWM ကနေ " သမိုင်းသစ်မော်ကွန်း "လို့ အမည်ပေးထားတဲ့ Yang Yangရဲ့အသစ်ထွက်ရှိလာမဲ့ စစ်ကားအသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်...
အရာရာတိုင်းမှာ ထူးချွန်နေပေမဲ့ အသင်းအဖွဲ့နဲ့ဆိုရင် လိုက်လျောညီထွေမရှိတဲ့ တစ်ကိုယ်ရည်သမားလေး ယန့်ဖော်ယွဲ့ရဲ့ရင့်ကျက်ကြီးပြင်းလာတဲ့အကြောင်းလေးကို ရိုက်ကူးထားတာဖြစ်ပါတယ်
စစ်သားမိသားစုကနေ ဆင်းသက်လာသူဖြစ်တဲ့
ယန့်ဖော်ယွဲ့တစ်ယောက်ကတော့ သူ့ဖခင်ကို သက်သေပြဖို့အတွက် စစ်သင်တန်းကျောင်းကိုလျှောက်ခဲ့တယ်
လေ့ကျင့်ရေးသင်တန်းတလျှောက်မှာ ယန့်ဖော်ယွဲ့
တကိုယ်တော်စွမ်းရည်တွေပြသခဲ့လို့ ရလဒ်တွေကောင်းနေပေမဲ့ တပ်ခွဲမှူးလီချောင်ကတော့ အသင်းအဖွဲ့နဲ့ပတ်သက်လာရင် ရလဒ်မကောင်းတဲ့သူမို့ မျက်နှာသာမပေးခဲ့ပါဘူး
သူ့ကို အထူးစစ်ဆင်ရေးတပ်စုရဲ့စားဖိုဆောင်မှာ တာဝန်ထမ်းစေခဲ့ရင်း အဲဒီစားဖိုဆောင်က
အဖွဲ့ဝင်တွေရဲ့ ညွှန်ပြမှုတွေနဲ့ တကိုယ်တော်
ကိုယ်ရည်သွေးနေရင် နေရာတိုင်းမှာ လိုအပ်ချက်တွေရှိနေဆဲပဲဆိုတာကိုနားလည်လာတဲ့အခါမှာတော့...
ဒီဇာတ်ကားလေးက ကိုယ့်ပတ်ဝန်းကျင်မှာ
တကိုယ်တည်းတော်နေဖို့လိုသလို အသင်းအဖွဲ့နဲ့ လိုက်လျောညီထွေနေတတ်ဖို့လည်း လိုအပ်တယ်ဆိုတာကို ဖော်ညွှန်းပြသပေးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး
ယန့်ဖော်ယွဲ့အဖြစ် Yang Yang
အိုက်ချန်းရွှယ်အဖြစ် Li Yi Tong
အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်
၄၅မိနစ်စာ ၄၅ပိုင်း ပါဝင်မှာဖြစ်ပြီး
April 5ရက်နေ့မှာ စတင်ပြသမှာဖြစ်ပါတယ်။
MWM ရဲ့ ဘာသာပြန်ချက်ကို
စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်ရင်း
MWM ရဲ့ ဘာသာပြန်လက်ရာကို
အကဲဖြတ်ကြည့်ကြရအောင်လား...
Review by Dannaryi Nway
Martial World Myanmar
ever night season 1 လေးပြန်တင်ပေးပါ
ReplyDelete