Hello!!! Martial World Myanmar ပရိတ်သတ်ကြီးတို့ရှေ့မှောက်
ဒီတစ်ခေါက် ယူဆောင်လာပေးမဲ့ ကားလေးကတော့
"ဆယ့်နှစ်ရာသီ ဒဏ္ဍာရီ"ဆိုတဲ့
လျှို့ဝှက်ဆန်းကြယ်ကားလေးပဲဖြစ်ပါတယ်
ဒီကားလေးမှာ တရုတ်ရိုးရာ ဆယ့်နှစ်ရာသီခွင်ကို အခြေခံထားပြီး
ရာသီခွင်ဆယ့်နှစ်ကောင်ကိုယ်စားပြု သူရဲကောင်းများကို
ရှာဖွေစွန့်စားခန်းတွေ ကြည့်ရှုရမှာဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းလေးမှာဆိုရင် မိဘမဲ့ကလေးရှင်းဟူကို ကျားမကြီးက မွေးစားခဲ့ပါတယ် နောက်မှာ နတ်မင်းကြီးကြောင့် ရွှယ်လျန်ဆိုတဲ့
နတ်ဆေးဆရာမလေးနဲ့တွေ့ဆုံခဲ့ပြီး နတ်ရုပ်တု ဆယ့်နှစ်ခုနဲ့
ရာသီခွင်တွေကို ရှာဖွေဖို့ စွန့်စားခန်းစဖြစ်ပါတော့တယ်
လောကကြီးကို ကယ်တင်ဖို့အတွက် ရာသီခွင်ဝိဉာဉ်သူရဲကောင်းတွေကို
ရှာဖွေဖို့သွားတဲ့ စွန့်စားခန်းလမ်းခရီးမှာ ဘယ်လိုဘေးအန္တရာယ်တွေ
တွေ့ကြုံရမလဲဆိုတာတော့ ဇာတ်ကားလေးကြည့်ရင်း
ခံစားလိုက်ရအောင်လား
ဒီကားလေးမှာဆိုရင် Ever night Season(1,2), Sword of Legend(2)တွေမှာ ပါဝင်ဖူးတဲ့Dylan Kuo က ကျားရာသီခွင်
အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်
နောက်ပြီး မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ Yangmiကလည်း
မြွေရာသီခွင်အနေနဲ့ ပါဝင်အားဖြည့်ထားပါသေးတယ်
ဒါ့အပြင် လူကြိုက်များခဲ့တဲ့ နဂါးကိုယ်တော် ကျိကုန်းကိုယ်တော်လေးအဖြစ် နာမည်ကြီးတဲ့ မင်းသားBenny Chan ကလည်း
ကြွက်ရာသီခွင်အနေနဲ့ သရုပ်ဆောင်ထားတဲ့အတွက် အားလုံးလည်းအကြိုက်တွေ့ကြမယ်လို့မျှော်လင့်ပါတယ်
Review by Paparazzi
Martial World Myanmar
0 Comments: