ပရိတ်သတ်ကြီးတို့ရေ ဒီတစ်ခါထွက်ရှိလာမှာကတော့ မင်းသားချော Xu Kaiနဲ့ မင်းသမီးချော Wu Jin Yan တို့ရဲ့ Imperial Cuisine or Royal Feast ဆိုတဲ့ နန်းတွင်းက သူငယ်ချင်း မေတ္တာ ချစ်ခြင်း သံယောဇဉ်တွေနဲ့ ထုံမွှန်း ဖွဲ့သီ ရိုက်ကူးထားတဲ့ ရင်ခုန်ဖွယ်ရာဇာတ်ကားလေးတစ်ခါအဖြစ်မကြာခင် ခံစားကြည့်ရှုရတော့မှာပါ
" တိုင်တည်ထာဝရ သုရသ " လို့
အမည်ပေးထားတဲ့
ဒီဇာတ်လမ်းကတော့ မင်မင်းဆက်ရဲ့ဧကရာဇ်ရုံလဲ့အုပ်ချုပ်စဉ်အခါက စားဖိုဆောင်ရဲ့အစေခံအနေနဲ့နန်းတော်ထဲဝင်ရောက်လာတဲ့ ယောက်ကျီကျင့်ဆိုတဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုရိုက်ကူးပုံဖော်ထားတဲ့ ကားကောင်းလေးဖြစ်ပါတယ်
နက်နဲလှတဲ့နန်းတော်ရဲ့အတွင်းမှာ သူ့ရဲ့အရည်အချင်းတွေကိုအကောင်းဆုံးအသုံးချဖို့စိတ်ပိုင်းဖြတ်ပြီး တဖြည်းဖြည်းတိုးတက်လာပုံတွေ သူငယ်ချင်းသံယောဇဉ် ချစ်ခြင်းမေတ္တာတွေကိုတစ်ချိန်တည်းမြင်တွေ့ခံစားရမှာပါ ဇာတ်လမ်းထဲမှာ ကျူကျန်းကျီဆိုတဲ့သူနဲဲ့သူ့ရဲ့အချစ်ရေးရောယှက်မှုတွေအပြင် သမိုင်းဝင်အောင်မြင်မှုတွေ ထူးချွန်ထက်မြက်တဲ့ ဧကရာဇ်သုံးပါးရဲ့ တော်ဝင်မိသားစုဘဝ ချမ်းသာတဲ့မိသားစုတွေရဲ့ချစ်ခြင်းမေတ္တာ သူငယ်ချင်းသံယောဇဉ် ချစ်ခြင်း မေတ္တာတွေနဲ့လူသားဆန်မှုတွေစွဲမက်ဖွယ်သုရသပေါင်းစုံနဲ့ပြည့်နှက်ထုံသင်းနေတဲ့ ဟင်းလျားများစွာတို့ရဲ့ စွဲမက်မြို့တော်ကို ဒီကားလေးထဲဝယ် ဘယ်လိုဘယ်ပုံ ပုံဖော်ရိုက်ကူးထားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးဗျ
0 Comments: