The Warring State(2011)


 The Warring States (2011)
“တိုက်ပွဲတို့၏ မဟာဗျူဟာအရှင်”

ဒီဇာတ်ကားထဲက မင်းသမီးက​တော့ Martial ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ “သစ္စာဖြင့်စီရင်အပ်​သော” ကားထဲက မင်းသမီး Jing Tian ပဲဖြစ်ပါတယ်။

နောက်ထပ် တောင်ကိုရီးယားမင်းသမီး
Kim Hee Seon (လီဟန်နီ) လည်း ပါဝင်ထားပါသေးတယ်။

ဒီဇာတ်ကား​လေးဟာ တရုတ်ပြည်ရဲ့ BC 475-221 ကိုအ​ခြေတည်ရိုက်ကူးထားတယ်လို့လည်း ဆိုထားပါတယ်။
ဇာတ်လမ်းအကျဥ်းက​တော့ လွန်ခဲ့တဲ့နှစ်​ပေါင်းနှစ်​ထောင်​တုန်းက ဘုရင်​တွေဟာ နယ်​မြေပိုင်ဆိုင်မှုအတွက် တိုက်ပွဲ​​တွေဆင်နွှဲခဲ့ကြတယ်။
အဲဒီအခါမှာ​တော့ စစ်ပရိယာယ်ကြွယ်ဝပြီး စစ်​ရေးဗျူဟာ​တွေကို နားလည်တတ်ကျွမ်းတဲ့ ပညာရှင်​တွေကို တိုင်းပြည်တိုင်းက အလိုရှိလာကြတယ်။
တစ်ချိန်တည်းမှာပဲ ပညာရှိဆရာကြီး​ကွေ့ကူကျစ်ရဲ့ စစ်​ရေးဗျူဟာ​တွေကို ​သင်ယူတတ်​မြောက်ခဲ့တဲ့ တပည့်ဖြစ်သူ “စွင်းပင်း” ကိုတိုင်းပြည်တိုင်းက လိုချင်လာကြတယ်။
ဆရာကြီးရဲ့တပည့်ရင်းနှစ်​ယောက်ဖြစ်တဲ့ “စွင်းပင်း”နဲ့ “ဖန်းကျွမ်း” တို့ဟာ ညီအစ်ကို​ရင်းတွေလို သ​ဘောထားကြ​ပေမယ့် စစ်​မြေပြင်မှာ ​​ထိပ်တိုက်တွေ့လာရတဲ့အခါ ဘာ​တွေ​ပြောင်းလဲ သွားကြမလဲ ....

​နောက်ပြီး မင်းသမီး​ ထျန်းရှီ(Jing Tian) ရဲ့စစ်သူကြီးအသွင်ကို မြင်​တွေ့ရမယ့်အပြင် တာဝန်​ကျေတဲ့ သမီးတစ်​ယောက်သာမက အချစ်နဲ့​တွေ့ဆုံတဲ့အခါမှာ​ရော ဘယ်လိုရဲရင့်စွန့်စားမလဲ....

တောင်ကိုရီးယားမင်းသမီး Kim Hee Seon ကရော
ဘယ်လိုနေရာကနေ ပါဝင်သွားမလဲ.....

ဆိုတာကို သိချင်တယ်ဆိုရင်​တော့ ဇာတ်လမ်း​လေးကို အဆုံးထိကြည့်လိုက်ပါ​​နော်

Review by #Hninpin



Download Link             Telegram | Mega 
Categories:
Similar Drama

0 Comments: