မင်္ဂလာပါ Martial World Myanmar ပရိတ်သတ်ကြီးရှင်
ဒီတစ်ခါမှာတော့ ကြောက်လန့်ဖွယ်ကောင်းတဲ့ သရဲဇာတ်လမ်းတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် မကြာခင်တင်ဆက်ပေးသွားမယ့်ဇာတ်ကားကတော့ Thriller, Mystery, Horror ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ "နန်ရန်းမှ ပရလောကပုံပြင်” (The Ferryman: Legends of Nanyang) ဇာတ်ကားပဲဖြစ်ပါတယ်
ထူးခြားတာကတော့ ဒီဇာတ်ကားဟာ တရုတ်ပြည်ရဲ့ နာမည်ကြီး streaming platform တစ်ခုဖြစ်တဲ့ iQiyi မှ ပထမဦးဆုံးတင်ဆက်တဲ့ အရှေ့တောင်အာရှဇာတ်လမ်းတွဲဖြစ်ပြီး စင်ကာပူနဲ့ မလေးရှား မင်းသားမင်းသမီး အများအပြားပါဝင်ပါတယ်
ဇာတ်လမ်းအကျဥ်း
==============
စတိုးဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ ရှတုံချင်ဟာ ပရလောကသားတွေကို မြင်နိုင်တဲ့ "ယင်းယန်မျက်လုံး" တစ်စုံကို ပိုင်ဆိုင်ထားပါတယ် No. 444 convenience စတိုးဆိုင်လေးမှာ အလုပ်လုပ်ရင်း ရှတုံချင်ဟာ သူယုံကြည်ရတဲ့ ကျောက်လီ၊ ရှယာတို့နဲ့ ပေါင်းပြီး မကျွတ်မလွတ်ပရလောကသားတွေရဲ့ မပြီးပြတ်နိုင်သေးတဲ့ ကိစ္စတွေကို လိုက်လံကူညီဖြေရှင်းပေးရင်း ဇာတ်လမ်းက ဘယ်တွေဆက်ဖြစ်မှာလဲ။
ဇာတ်လမ်းထဲမှာပါတဲ့ ပရလောကသား တစ္ဆေတစ်ကောင်စီရဲ့ နောက်ကွယ်မှာ သူတို့မကျွတ်မလွတ်ရတဲ့ ဇာတ်လမ်းတစ်ခုချင်းစီရှိတာမို့ စိတ်ဝင်စားဖွယ် ရင်မောဖွယ် ကြည့်ရမှာပါ။ "နန်ရန်းမှ ပရလောကပုံပြင်” ဇာတ်လမ်းလေးဟာဆိုရင် အပိုင်းအနေနဲ့ကတော့ ၃၆ ပိုင်း ပါဝင်မှာဖြစ်ပါတယ်။
#MartialWorldMyanmar
Details
- Title: 灵魂摆渡之南洋传说 / Ling Hun Bai Du Zhi Nan Yang Chuan Shuo
- English title: The Ferryman: Legends of Nanyang
- Genre: Thriller, Mystery, Horror
- Episodes: 36
- Broadcast network: iQiyi
- Broadcast period: Aug 24, 2021 - Sep 23, 2021
👇👇Download ရယူရန်👇👇
0 Comments: