Tears in heaven
“အိပ်မက်ပန်းပင်လယ်”
ကဲ ပရိသတ်တို့ရေ ...
ဒီတစ်ခါမှာတော့ C drama ချစ်သူတွေ အကြိုက်တွေ့ခဲ့ကြတဲ့ Goodbye my Princess (DongGong) ဇာတ်ကားရဲ့ဝတ္ထုရေးသူ စာရေးဆရာ Fei Wo Si Cun ရဲ့
ဝတ္တုကိုမှီငြမ်းရိုက်ကူးထားတဲ့ အချစ် Drama ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်ဆောင်တွေအနေနဲ့ကတော့ ...
"တုရှောင်စူး" အဖြစ် "Li Qin"
"လေ့ယွီကျိန်း" အဖြစ် "Shawn Dou"
"ရှောက်ကျန့်ရုံ" အဖြစ် "Zhang Yunlong"
ဇာတ်လမ်းအကျဉ်းလေးကတော့ ...
အနုပညာသတင်းထောက် တုရှောင်စူးဟာ အင်တာဗျူးတစ်ခုကနေတစ်ဆင့် ရှောက်ကျန့်ရုံနဲ့သိကျွမ်းခဲ့ပြီး အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။
ဒါပေမဲ့ ရှောက်ကျန့်ရုံရဲ့အမေကတော့ အပြင်းအထန်ကန့်ကွက်ခဲ့တာပေါ့
ဒီလိုနဲ့ စိတ်ဓာတ်ကျနေတဲ့ ရှောက်ကျန့်ရုံက တောင်ပေါ်ကို ဆေးအဖွဲ့နဲ့လိုက်သွားရင်း တောင်ပြိုကျမှုကြောင့် သေဆုံးသွားခဲ့ရပါတယ်
ဒါကို ရှောက်ကျန့်ရုံရဲ့ ငယ်သူငယ်ချင်း လေ့ယွီကျိန်းက တုရှောင်စူးကြောင့် ရှောက်ကျန့်ရုံသေခဲ့ရပါတယ်ဆိုပြီး အထင်အမြင်လွဲမှားသွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ တုရှောင်စူးကို နည်းလမ်းမျိုးစုံနဲ့ အခက်တွေ့အောင်လုပ်တော့တာပေါ့
ဒါပေမဲ့ ကံကြမ္မာက သူတို့နှစ်ဦးကို
အကြိမ်ကြိမ်တွေ့ဖို့
အကြောင်းဖန်လာတဲ့အခါ .....
တုရှောင်စူးနဲ့ လေ့ယွီကျိန်းတို့ နှစ်ယောက်ကြားက အထင်အမြင်လွဲမှားမှုတွေ၊ ပဋိပက္ခတွေက ဘယ်လိုမျိုးပြေပျောက်သွားပြီး သူတို့နှစ်ယောက်ကြားမှာရော သံယောဇဉ် အနှောင်အဖွဲ့တွေ ဘယ်လိုမျိုးဖြစ်ပေါ်လာမလဲဆိုတာ .....
Martial World Myanmar တွင်
မကြာမီတင်ဆက်ပြသပေးမဲ့
“အိပ်မက်ပန်းပင်လယ်”ဇာတ်လမ်းတွဲမှာ
စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး
#YangMi&Cocoa
Details
- Title: 海上繁花 / Hai Shang Fan Hua
- English title: Tears in Heaven
- Genre: Romance, melodrama
- Episodes: 41
- Broadcast network: iQiyi, Mango TV, Tencent, Youku
- Broadcast period: 2021-Jun-23
👇👇Download ရယူရန်👇👇
0 Comments: