စုကျန်းဟွိုက်က သူ့မိသားစုနဲ့အတူ ခရိုင်မြို့တစ်မြို့ကို ရထားစီးသွားခဲ့ပါတယ် ရထားထွက်ပြီး မကြာခင်မှာပဲ ရာထောင်ချီနေတဲ့ကြွက်တွေရဲ့တိုက်ခိုက်ခြင်းကို ရုတ်တရက်ခံရပါတယ် မမျှော်လင့်ထားတာကကြွက်တွေမှာကူးစက်နိုင်တဲ့ရောဂါပိုးရှိနေတဲ့အပြင် မြို့တိုင်းမှာပါ ကြွက်တွေအမြောက်အမြားရှိနေတာပါ
သားလေးနဲ့ အကိုက်ခံရတဲ့တခြားခရီးသည်တွေကို ကယ်တင်ဖို့အတွက်
စုကျန်းဟွိုက် နဲ့ သူ့သမီးစုတင်းတို့ဟာ ဖြေဆေးရှာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် အသက်ဘေးနီးတဲ့အခက်အခဲတွေကြားကနေ သူတို့ဖြေဆေးရှာတွေ့သွားကြမလား မြောက်မြားစွာသော ကြွက်ဆိုးတွေအန္တရာယ်ကနေရော လွတ်မြောက်နိုင်မလားဆိုတာကို ရင်ဖိုစွာကြည့်ရှုရင်း လူ့သဘာဝအာဏာ လောဘ သံယောဇဉ်တွေနဲ့ ရသမျိုးစုံကိုပေးစွမ်းနိုင်မယ့် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်
#MartialWorldMyanmar
0 Comments: