မင်္ဂလာပါ Martial World Myanmar ပရိတ်သတ်ကြီးရှင့်
ဒီတစ်ခါမှာတော့ Historical romance drama အမျိုးအစားဖြစ်တဲ့ “လရောင်အောက်က ချစ်ခြင်း” (Bright As the Moon) ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်
ဇာတ်လမ်းအကျဥ်း
==============
မင်းသားယွင်အိမ်တော်မှ သမီးကြီးဖြစ်သူ ယွင်ချန်ယွဲဟာ မာနထောင်လွှားပြီး စာမတတ်ပေမတတ် အကဲမလေးတစ်ယောက်လို လူသိများပါတယ်။ တကယ်တမ်းတော့ ယွင်ချန်ယွဲဟာ တော်ဝင်မိသားစုနဲ့ လက်ထပ်ထိမ်းမြားရမှာကို ရှောင်တိမ်းချင်လို သူကိုယ်တိုင် သတင်းလွှင့်ထားခဲ့တာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း သူဟာ ယဲ့ထျန်ဆော်ရဲ့ လက်အောက်အဖြစ် ဟန်ဆောင်ပြီး ဆယ်စုနှစ်နီးပါး တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ သူမ တဖက်သတ်ချစ်မိနေသူကတော့ တော်ဝင်မိသားစုရဲ့ အာဏာနဲ့ ဖိနှိပ်ခံထားရတဲ့ မင်းသားရုံအိမ်တော်မှ ရုံကျင်း ဖြစ်ပါတယ်။ ရုံကျင်းဆိုသူမှာ ရုပ်ရည်အလွန်ချောမောပြီး မသမာသူတိုရဲ့ လုပ်ကြံမှုကြောင့် နှစ်ချီလများ ဖျားနာနေသူဖြစ်ပါတယ်။
ယွင်ချန်ယွဲဟာ ချစ်ရသူ ရုံကျင်းကို ကုသနိုင်ဖို ဘာကိုမှ ဂရုမစိုက်ဘဲ တော်ဝင်မိသားစုရဲ့ နန်းတွင်းအရှုပ်အရှင်းထဲကို ဝင်ရောက်ခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ယွင်ချန်ယွဲကို အချစ်ကြီးချစ်မိနေသူ လက်ရှိဘုရင်မင်းကြီး ယဲ့ချင်ရန်ဟာ သူရဲ့ အချစ်ကိုရဖိုအတွက် သူ့ခန္ဓာကိုယ်ထဲကို နှလုံးခြွေအဆိပ်ခတ်ပြီး သူ့အနားမှာပဲ ထားခဲ့ပါတယ်။
ယွင်ချန်ယွဲဟာ အဆိပ်ဒဏ်ကြောင့် အတိတ်မေ့နေခဲ့သည့်တိုင်အောင် သူ့ရဲ့ ချစ်ခြင်းမေတ္တာကို မေ့မရနိုင်တဲ့အခါ ဇာတ်လမ်းက ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို “လရောင်အောက်က ချစ်ခြင်း” (Bright As the Moon) ဇာတ်လမ်းမှာ ကြည့်ရမှာပါနော်။
Review By #meeii
Details
- Title: 皎若云间月 / Jiao Ruo Yun Jian Yue
- English title: Bright As the Moon
- Also known as: 纨绔世子妃 / Wan Ku Shi Zi Fei
- Genre: Historical, romance
- Episodes: 40
- Broadcast network: Youku
- Broadcast period: 2021-Oct-04
👇👇Download ရယူရန်👇👇
0 Comments: