နတ်သမီးပုံပြင်
နှစ်ပေါင်းများစွာ လူလောက နဲ့ ဝိညာဉ်လောကဟာ အဆုံးမရှိတိုက်ခိုက်ခဲ့ကြတယ်
နှစ် ၈၀၀ ကြာပြီးနောက် မှာတော့ ဝိညာဉ်လောက က ဖုန့်ရှီးဝိညာဉ်သခင်ဟာပြန်လည်နိုးထလာခဲ့ပါတယ်
မိစ္ဆာတောင်သခင်နဲ့ဖုန့်ရှီးဝိညာဉ်သခင်ဟာမျိုးရိုးစဥ်ဆက်အရလက်ထပ်ကြရပြီးဝိညာဉ်လောကကိုတွဲပြီးအုပ်ချုပ်ကြရမှာဖြစ်တယ်
ဒါပေမဲ့လည်း ဖုန့်ရှီးဝိညာဉ်သခင်ဖြစ်လာတဲ့မကောင်းဆိုးဝါးမလေးနျဲ့ရှောင်ချန်ဟာ လွန်ခဲ့တဲ့နှစ်၈၀၀တုန်းကသူမရဲ့ချစ်သူနင်ချိုင်ချန်ကိုသာလိုက်ရှာဖို့အားသန်နေခဲ့ပါတယ်
တစ်ဖက်မှာလည်း နင်ချိုင်ချန်အဖြစ်၀င်စားခဲ့တဲ့သူဟာ မိစ္ဆာတွေကိုနှိမ်နင်းတဲ့ဂိုဏ်းခေါင်းဆောင်နတ်ဆရာချင်ယန်မင်ဖြစ်နေခဲ့လေတယ်
သူဟာလူလောက နဲ့ ဝိညာဉ်လောကစစ်ပွဲတွေကြားမှာအပြစ်မရှိသေဆုံးနေရတဲ့လူတွေကို မမြင်ချင်တော့တာကြောင့် ဝိညာဉ်လောကနဲ့ပြန်စည်းရုံးဖို့ကြိုးစားပါတော့တယ်
မကောင်းဆိုးဝါးမလေးနျဲ့ရှောင်ချန် နဲ့ သူမရဲ့ချစ်သူနင်ချိုင်ချန်အဖြစ် ၀င်စားခဲ့တဲ့ချင်ယန်မင်နဲ့တွေ့ဆုံတဲ့အခါမှာရော ဘာတွေဆက်ဖြစ်ကြ
မလဲ?
ချင်ယန်မင်ကရော ဝိညာဉ်လောကနဲ့ပြန်စည်းရုံးဖို့ကြိုးစားတဲ့အခါ ဘယ်လိုအခက်အခဲတွေ
ကြုံရမလဲ?
အဆုံးမှာလူလောကနဲ့ဝိညာဉ်လောကကြားက
စစ်ပွဲကိုရောတားဆီးနိုင်မှာလား...
စသည်ဖြင့် စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမယ့်
ရုပ်ရှင်ကားလေးကို
Martial World Myanmar ရဲ့
ဘာသာပြန်လက်ရာနဲ့အတူ
မကြာခင်မှာ တင်ဆင်ပေးသွားပါမယ်
Review by Ella
#martial_world_myanmar
0 Comments: