“ သုံးလောက တိုက်ပွဲ”
သံမဏိမျက်နှာဖုံး ရှင်းကျွင်းဆိုတဲ့ နတ်ဘုရားမ
သူဟာ နတ်ဘုရားတွေသာ ဂုဏ်သိက္ခာရှိပြီး လူသားတွေကို နှိမ်လိုစိတ်ရှိတယ် တန်ဖိုးမရှိတဲ့ ပေါင်းပင်တွေလို သဘောထားတတ်တယ် သူဟာ လူသား ချင်းယာမျိုးနွယ်စုတွေကို အစုလိုက်အပြုံလိုက် ရှင်းလင်းသုပ်သင်ခဲ့တယ်
တကယ်တမ်းသူ့မှာ လွတ်လပ်မှုကို မြတ်နိုးတဲ့ လူသားတွေကို သနားညှာတာတတ်တဲ့ မသိစိတ်ဝိဥာဥ်လေးရှိနေခဲ့တယ် ဒါကို နတ်ဘုရားမက ပိတ်လှောင်ထားခဲ့ပေမယ့် လွတ်မြောက်သွားခဲ့ပြီး နတ်ဘုရားတွေရဲ့စစ်ပွဲအတွင်းမှာ လျှို့လီအရှင်မအဖြစ်ပြောင်းလဲသွားခဲ့တယ်
ချင်းယာစစ်ပွဲမှာသေဆုံးခဲ့ပေမယ့် သူ့ရဲ့အငြိုးတွေကြောင့် ညဥ့်နက်မိစ္ဆာအဖြစ်ပြောင်းသွားခဲ့ပါတော့တယ်
စွန်းဝူခုန်းဟာ ချင်းယာရွာကနေဖမ်းဆီးသွားတဲ့ လူသားကျေးကျွန်တွေကို နတ်ပြည်ထိတက်ပြီးကယ်ဆယ်ခဲ့တယ် လူသားနဲ့နတ်ဘုရားမက မွေးဖွားခဲ့တဲ့ ယန်ကျန်ဆိုတဲ့ ကောင်းကင်ဘုံတံခါးမှူးလေးနဲ့ တိုက်ခိုက်ရင်း မိတ်ဆွေတွေဖြစ်သွားကြပြီး နတ်ဘုရားမ ရှင်းကျွင်းကို အနိုင်တိုက်နိုင်သွားလား...?
နတ်ပြည်တက်မွှေပါသော မျောက်မင်းစွန်းဝူခုန်း
ဘယ်လိုတွေ ကြုံတွေ့ခဲ့လဲ...?
ဆိုတာကိုတော့ဖြင့်....
" သုံးလောက တိုက်ပွဲ "လို့အမည်ပေးထားတဲ့ ဇာတ်လမ်းလေးကို Martial World Myanmar ရဲ့လက်ရာနဲ့အတူ
ကြည့်ရှုခံစားပေးပါဦးနော် ...
Review by Dannaryi Nway
#MartialWorldMyanmar
0 Comments: