ဒီတစ်ခေါက်MWM တင်ဆက်ပေးမယ့်ကားလေးကတော့
“love in flames of war”
" စစ်တလင်းကြားက ချစ်အတ္တမီးလျှံ " ပဲဖြစ်ပါတယ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ရယ်လို့
ဖြစ်လာဖို့ရုန်းကန်နေဆဲအချိန်ကာလက
လင်းဟန်ကျင်းဆိုတဲ့ ထက်ထက်မြက်မြက်မိန်းမငယ်လေးနဲ့ ရှောင်းမိသားစုရဲ့မာနကြီးမောက်မာတတ်တဲ့ တတိယသခင်လေး ရှောင်းပေ့ချန်တို့ ဆုံတွေ့ခဲ့ကြတယ်
ဟန်ကျင်းကို မတူသလိုဆက်ဆံခဲ့တဲ့သခင်လေးက တဖြည်းဖြည်းနဲ့ ဟန်ကျင်းရဲ့အပြုမူလေးတွေကို စိတ်၀င်စားလာတဲ့အခါမှာတော့ ဖခင်ရဲ့ ခိုင်းစေချက်အရ စစ်တက္ကသိုလ်တက်ခဲ့ရတယ်
ကြမ်းတမ်းခက်ထန်တဲ့လေ့ကျင့်မှုကာလ (၅)နှစ်ကြာပြီးတဲ့အခါမှာ ချစ်ရသူကို ချစ်ခွင့်ပန်ဖို့ပြန်လာခဲ့ပေမဲ့ လင်းဟန်ကျင်းက မုကျစ်ဟုန်ဆိုတဲ့ ခပ်ပွေပွေလူတစ်ယောက်နဲ့ ချစ်သူဖြစ်နေခဲ့ပါပြီ
လင်းဟန်ကျင်းအဖေရဲ့ရောဂါအခြေအနေကြောင့်
ရှောင်းပေ့ချန်နဲ့ လင်ဟန်ကျင်းတို့ လက်ထပ်ခဲ့ကြရပြီး နောက်ပိုင်းမှာ တစ်ဦးကိုတစ်ဦး မေတ္တာသက်ဝင်လာကြပေမဲ့ နားလည်မှုလွဲပြီး လင်းဟန်ကျင်း ပျောက်ဆုံးသွားခဲ့တယ်
ဂျပန်ကျူးကျော်စစ်တွေဖြစ်ပေါ်လာတဲ့အခါမှာ မျိုးချစ်လူငယ်အဖွဲ့အစည်းမှာရှိနေတဲ့ လင်းဟန်ကျင်းဟာ ရှောင်းပေ့ချန်ဆီကိုပြန်လာခဲ့ပြီး
တော်လှန်ရေးမှာအတူပါ၀င်ဖို့ ဖျောင်းဖျခဲ့တယ်
အဆုံးသတ်မှာ နှစ်ယောက်သား
နားလည်မှုလွဲမှားနေတာကို ဖြေရှင်းနိုင်မှာလား?
အမှန်တရားပေါ်ပေါက်လာတဲ့အခါ
အတူလက်တွဲပြီး အမိမြေကိုကာကွယ်နိုင်မလား ?
" မင်းရဲ့လှည့်စားတတ်တဲ့ အတတ်ပညာတွေအကုန်လုံးကိုတောင် ငါချစ်နေတာ..."
"မင်းနဲ့အမြဲအတူရှိနေချင်တယ်
တစ်စက္ကန့်လေးတောင်မခွဲဘဲ တစ်နှစ်ပြီးတစ်နှစ် ..."
ကဲ...MWMပရိတ်သတ်ကြီး ကြည့်ဖို့အဆင်သင့်ဖြစ်ကြပြီလား????
Details
- Native Title: 良辰好景知几何
- Also Known As: Good Days and Good Scenery , Liang Chen Hao Jing Zhi Ji He
- Director: Chung Shu Kai, Zeng Li Zhen
- Genres: Historical, Romance, Drama
- Type: Drama
- Episodes: 43
- Aired: Apr 30, 2022 - May 24, 2022
- Aired On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
- Original Network: Youku ZJTV
- Duration: 45 min
👇👇Download ရယူရန်👇👇
0 Comments: