Under the skin


" ရောင်သွေးခြယ်တဲ့ ဆန်းကြယ်ပဟေဠိ "
" Under The Skin (2022) " 

ဒီဇာတ်လမ်းကတော့ ဆောင်းပါးဆရာနဲ့ရဲဝန်ထမ်း​လေးတို့ရဲ့ ထူးဆန်းထွေပြားတဲ့မှုခင်းတွေကို ဖြေရှင်းကြပုံကို အခြေခံထားတဲ့ မှုခင်းဇာတ်လမ်းလေးပါ 

ပန်းချီဆရာလူငယ်လေး ရှန့်ယီက အနုပညာ‌ကျောင်းဆင်းတစ်ယောက်ဖြစ်ပြီး ဟိုက်ချန်အပြည်ပြည်ဆိုင်ရာလုံခြုံ​ရေးဌာန ကိုပဟေဠိဆန်စွာ ဝင်ရောက်လာခဲ့တယ် 

လွန်ခဲ့တဲ့ ၅နှစ် ရှန့်ယီကျောင်းသားဘဝပဲရှိသေးတဲ့အချိန် လမ်းပေါ်မှာ ပုံကြမ်းတွေဆွဲနေတဲ့အချိန်တုန်းက လူတစ်ယောက်ကကလေးတစ်ယောက်ရဲ့ဓာတ်ပုံကိုပြပြီး ဒီကလေးကြီးလာရင်ဖြစ်လာမယ့်ပုံစံကို ဆွဲခိုင်းခဲ့ဖူးတယ် 
အဲဒီပန်းချီကြောင့် ဟိုက်ချန်ရဲ့ စုံထောက်​လိန်းရီ​ဖေးရဲ့သရုပ်မှန်ပေါ်သွားပြီး အသတ်ခံခဲ့ရတယ် 
ထူးဆန်းတာက ရှန့်ယီအ​နေနဲ့သူ့ကိုပုံလာဆွဲခိုင်းခဲ့တဲ့လူရဲ့မျက်နှာကို မှတ်မိအောင်အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့လည်း နှစ်အနည်းငယ်ကြာတဲ့အချိန်ထိကို မမှတ်မိခဲ့ဘူး 

ငါးနှစ်ကြာပြီးနောက်မှာတော့ အမှန်တရားကိုသိရဖို့ ရှန့်ယီကအပြည်ပြည်ဆိုင်ရာလုံခြုံ​ရေးဌာနရဲ့ ဒါရိုက်တာကျန်းရဲ့ဖိတ်ခေါ်မှုကို လက်ခံခဲ့ပြီး ဌာနမှာပုံတူကူးဆွဲသူတစ်ယောက်ဖြစ်လာခဲ့တယ် 
ဌာနတူ တုချန်းဟာ ရှန့်ယီနဲ့လုပ်‌ဖော်ကိုင်ဖက်တွေ ဖြစ်လာခဲ့ကြပေမဲ့ ရှန့်ယီရဲ့ "အမှုကိုဖြေရှင်းဖို့ ပုံဆွဲမယ်"ဆိုတာကို အထင်သေးခဲ့တယ် 

ဒါပေမဲ့လည်း အတူတူတွဲလုပ်တာကြာလာတော့ ရှန့်ယီနဲ့တုချန်းတို့ရဲ့ ဇာတ်လမ်း​လေးက ဘာ​တွေဖြစ်လာမလဲ
ဘယ်လိုလျှို့ဝှက်ဆန်းကျယ်တဲ့အမှု​တွေကို ဘယ်လိုကိုင်တွဲမလဲဆိုတာကို​တော့ " ​ရောင်​သွေးခြယ်တဲ့ ဆန်းကြယ်ပ​ဟေဠိ "ဆိုတဲ့ဇာတ်ကား​လေးထဲမှာ ​စောင့်​မျှော်ကြည့်ရှုအား​ပေးပါဦးဗျာ
#Martialworldmyanmar 

 

Episode 01             Telegram | Mega 
Episode 02             Telegram | Mega
Episode 03             Telegram | Mega 
Episode 04             Telegram | Mega 
Episode 05             Telegram | Mega
Episode 06             Telegram | Mega 
Episode 07             Telegram | Mega 
Episode 08             Telegram | Mega 
Episode 09             Telegram | Mega
Episode 10              Telegram | Mega
Episode 11              Telegram | Mega
Episode 12              Telegram | Mega
 Episode 13             Telegram | Mega
Episode 14              Telegram | Mega
 Episode 15              Telegram | Mega
Episode 16               Telegram | Mega
Episode 17               Telegram | Mega
Episode 18               Telegram | Mega
Episode 19             Telegram | Mega
Episode 20             Telegram | Mega
Similar Drama

0 Comments: