ပရိတ်သတ်ကြီးရေ ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့
Novoland ဆိုတဲ့ ကိုးပြည်ထောင်ဒဏ္ဍာရီကို အခြေခံရိုက်ကူးထားတဲ့
Tribes and Empires: Strom of Prophecy ဆိုတဲ့ကားပဲဖြစ်ပါတယ်
ဇာတ်လမ်း ဇာတ်ကွက်အရမ်းကောင်းလို့ Chinese Game of Thrones လို့တင်စားကြတဲ့ကားပါ
ကန်ဒေါ်လာသန်းလေးဆယ်ကျော် အကုန်အကျခံရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်လို့
မင်သက်လောက်စရာရိုက်ကူးချက်တွေနဲ့ အတော်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါ
သွမ့်အင်ပါယာကြီး ပြိုလဲလုဆဲဆဲအချိန်ကိုဇာတ်လမ်းတည်ထားပြီး
အဲဒီအချိန်မှာ ဟောကိန်းအမျိုးအမျိုးပေါ်ထွန်းပါတယ်
ဟောကိန်းအရ နတ်သူငယ်မိခင်ကမွေးတဲ့ လက်ရှိဧကရာဇ်ရဲ့သားတော် မုယွင်ရှန်းဟာ
ဧကရာဇ်ဖြစ်လာပြီး လောကကြီးကပျက်စီးစေပါလိမ့်မယ်
မုရုသမဏိမြင်းတပ်စစ်သူကြီးရဲ့သား မုရုဟန်ကျန်းဟာလည်း တိုင်းပြည်ကိုစိုးမိုးမယ့်သူလို့ နိမိတ်ထွန်းတာကြောင့်
ငယ်စဉ်ကတည်းက ဖခင်ကစွန့်ပစ်တာခံခဲ့ရပါတယ်
ပုန်ကန်မှုကြောင့်မျိုးနွယ်သုတ်သင်ခံရတဲ့ ရှို့ဖုန်းဟော်ယဲ့ဟာလည်း "ထျယ်ချင်း"
ကုန်းမြေနဲ့ပင်လယ်တို့ရဲ့အရှင်သခင်ဖြစ်လာမယ်လို့ နိမိတ်ဟောခံထားရသူပါ
အတိတ်ကသွေးကြွေးတွေနဲ့သူတို့တွေ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်
" ကိုးပြည်ထောင်၏ကြမ္မာနိမိတ် " လို့
အမည်ပေးထားတဲ့
ဒီဇာတ်ကားကို Martial World Myanmar ကနေ Premium Quality နဲ့တင်ဆက်ပေးတော့မှာမို့
စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ဗျာ
Review by Noah
#martialworldmyanmar
Episode 52 Coming Soon........
0 Comments: