မသေမျိုးခေါင်းဆောင်တိုင်းဟာ သူတို့ရဲ့ဂြိုဟ်ဆိုးကို ဘဝမှာ တစ်ကြိမ်ကြုံရတတ်ကြတယ် တဲ့။
အဲဒီအချိန်မှာ ဂြိုဟ်ဆိုးကို ဂရုဏာကင်းစွာသတ်ပစ်ကြရတယ်။ မသတ်ရင် သူတို့ကို ရူးရင်ရူး မရူးရင် မိစ္ဆာဖြစ်သွားစေတတ်တယ်လို့ ဆိုစမှတ်ပြုထားကြတယ်။
ချန်လျှို့ဂိုဏ်းချုပ် ပိုင်ဇီဟွားဟာ သူ့ရဲ့ဂြိုဟ်ဆိုး ဟွားချန်းကူကို တွေ့ခဲ့ပေမဲ့ ဟွားချန်းကူဟာ အပြစ်ကင်းဖြူစင်လွန်းတာကြောင့် သတ်မယ့်အစား ဂြိုဟ်ဆိုးကို တခြားနည်းနဲ့ဖြေရှင်းဖို့ကြိုးစားခဲ့တယ်။
ကံဇတ်ဆရာအလိုကျ ဟွားချန်းကူဟာ သူ့ရဲ့တပည့်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ဆရာ တပည့်နှစ်ယောက်ကြား သံယောဇဥ်တွယ်ပြီး အချစ်ဇာတ်လမ်းမမည်သော ဇာတ်လမ်းတစ်ပုဒ်ဟာ သူတို့နှစ်ယောက်ကြားဖြစ်တည်လာခဲ့တယ်။ ဟွားချန်းကူရဲ့ ပေးဆပ်အချစ်နဲ့
ပိုင်ဇီဟွားရဲ့ တိတ်တခိုးအချစ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီကားလေးမှာတော့ ပိုင်ဇီဟွားက သူ့အတွက် ဂြိုဟ်ဆိုးဝင်မဲ့ကံကြမ္မာကို ဘယ်လိုနည်းလမ်းနဲ့ဖြတ်ကျော်သွားမလဲဆိုတာအပြင်
ဂြိုဟ်ဆိုးဖြစ်တဲ့သူ့တပည့်မလေးအပေါ် တွယ်မိတဲ့သံယောဇဥ်တွေကြား လွန်ဆွဲပွဲကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
အားလုံးနဲ့မစိမ်းတဲ့Wallace Huoနဲ့ Zhao Liyingက သရုပ်ဆောင်ထားတဲ့အပြင် တခြားဇာတ်ပို့သရုပ်ဆောင်များစွာနဲ့ဒီကားကို
MWM ရဲ့လက်ရာနဲ့ ကြည့်ရှုကြရအောင်လား .....
0 Comments: