MWM ပရိတ်သတ်ကြီးအတွက်
ဟောင်းနေပေမဲ့ ကောင်းနေဆဲ Epic ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်...
ရှန်ဘုရင်ကျိုးလက်ထက် နတ်ဘုရားအများစုဟာ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး မိစ္ဆာတွေဟာ သေမျိုးလောကကို ပြဿနာ ရှာနေကြချိန်ပေါ့.....
အဲဒီအချိန်မှာပဲ ကောင်းကင်ဘုံရဲ့ရှေးဦးသူတော်စင်အရှင်ဟာ သေမျိုးလောကရဲ့ စစ်ပွဲကို အသုံးချပြီး နတ်ဘုရားမျိုးဆက်သစ်ဖို့ဆိုကာ သူ့ရဲ့တပည့်တွေကို သေမျိုးလောကဆီစေလွှတ်ခဲ့လေတယ်....
မွေးဖွားစဥ်က ပါလာခဲ့တဲ့ ကောင်းကင်ဘုံအမှောင်မျက်လုံးကြောင့် အနာဂတ်မှာ နတ်ဓားသခင်ဖြစ်ပြီးလောက၃ဘုံကိုဖျက်စီးမယ့်သူလို့ နိမိတ်ဖတ်ခံထားရသူ " ယန်ကျန့် " ....
မင်းဆိုးမင်းညစ်ရဲ့ တော်ကောက်ခြင်း ခံလိုက်ရတဲ့ တိုင်းပြည်ရဲ့အလှဆုံးမိန်းကလေးလို့ အများကခေါ်ကြတဲ့ ကျီကျိုးမြို့စားရဲ့သမီး " စူးသကျီ "....
ယန်ကျန့်က နိမိတ်ဆိုးကြောင့် ဘယ်လို အခက်အခဲတွေကြုံရမလဲ....
တကယ်ပဲ လောကသုံးဘုံကိုဖျက်ဆီးမယ့်သူ ဟုတ်ရဲ့လား...
ဘာကြောင့် နတ်ဓားသခင်ဖြစ်လာရတာလဲ...
မိသားစုအတွက် လက်စားချေဖို့
မြေခွေးမိစ္ဆာနဲ့ ကိုယ့်ကိုယ်ကို စတေး
လိပ်ပြာကို အလဲအလှယ်လုပ်ခဲ့ပြီး နန်းတွင်းဝင်လာခဲ့တဲ့ စူးသကျီကရော အာဏာကိုချုပ်ကိုင်နိုင်ပါ့မလား...
ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့တပည့်တွေဟာ ဘက်မတူတဲ့ ရန်ဘက်တွေ ဖြစ်လာကြတဲ့အခါ......
သေမျိုးလောက၊ ကောင်းကင်ဘုံနဲ့ မိစ္ဆာလောကအကြား ဖြစ်ပွားလာမယ့် ပဋိပက္ခတွေ...
တရားမျှတမှုမရှိတဲ့ လောကကြီးမှာ ကိုယ်က မစွမ်းနိုင်လို့ နင်းခြေခံရတဲ့အခါ ဘယ်လိုပြန်ထပြီး အနိုင်ယူမလဲ ဆိုတဲ့ ပြောင်မြောင်တဲ့လုပ်ဆောင်ချက်တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်...
" မှော်ဝင်လိပ်ပြာ " ဆိုတဲ့
ဒီကားလေးဟာ ယူတတ်ရင် ပညာအများကြီးရမယ့်ကားကောင်းတစ်ခုဖြစ်ပြီး ပါဝင်တဲ့သရုပ်ဆောင်တွေရဲ့ ပြောင်မြောက်တဲ့ သရုပ်ဖော်ချက်တွေနဲ့အတူ သုတ၊ရသ ခံစားနိုင်မယ့် ကားကောင်းတစ်ခုမို့
အားလုံးပဲ စောင့်မျှော်ကြည့်ရှုပေးကြပါဦး
Review by Myat Sint Eain
#martialworldmyanmar
Episode 40 Coming Soon....
0 Comments: