Double World (2020)

 

MWM ပရိတ်သတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားကတော့ "သံသရာ ခရီးကြမ်း" Double World လို့အမည်ရပါတယ်
ဇာတ်လမ်းကတော့ အလယ်ပိုင်းလွင်ပြင်ဒေသမှာရှိတဲ့ ပြည်ထောင်(၁၀)ခုထဲက နန်ကျောက်နဲ့ပေယန်းတို့ နှစ်ပြည်ထောင် စစ်မက်မငြိမ်းချမ်းမှုကို အခြေခံထားပါတယ်

နန်ကျောက်ဘုရင် လုပ်ကြံခံလုဆဲဆဲအခြေအနေကြောင့် ပေယန်းနဲ့တစ်ဖန်စစ်မက်ဖြစ်ပွားဖို့ဦးတည်လာခဲ့ပါတယ်
ဒါပေမဲ့ နန်ကျောက်ပြည်မှာ တိုက်ပွဲဝင်စစ်သူကြီးလိုအပ်နေတာကြောင့် ပြည်ထောင်အတွင်းမှာရှိတဲ့ (၈)ခုသောမျိုးနွယ်စုတွေထဲက သူရဲကောင်းတွေကိုယှဉ်ပြိုင်စေပြီး စစ်သူကြီးရွေးချယ်ဖို့စီစဉ်ပါတယ်
မျိုးနွယ်စုတစ်ခုကို သုံးဦးစီကိုယ်စားပြုယှဉ်ပြိုင်စေပြီး အဲဒီထဲမှာ ချင်းယွမ်မျိုးနွယ်စုက သုန်းရိလုံဆိုတဲ့ချာတိတ်လေးလည်း ပါဝင်လာပါတယ်
ဒီကောင်လေးနဲ့အတူ တပ်ပြေးချူဟွင် ခါးပိုက်နှိုက်မလေး ကျင်ကန်းတို့ သုံးယောက်တစ်စုဖွဲ့မိသွားကြပြီး

ဘယ်လိုတွေရင်ဆိုင်တိုက်ခိုက်ကြမလဲ
သူတို့တွေရဲ့ မူလဇာစ်မြစ်က ဘာဖြစ်မလဲ
မိတ်ဆွေချင်းနားလည်နိုင်မှု ရိုင်းပင်းမှု သစ္စာရှိမှုတွေကိို ဒီဇာတ်ကားလေးမှာမြင်တွေ့ကြရမှာဖြစ်ပါတယ်။
#martialworldmyanmar



Download Link             Telegram | Mega 
Categories:
Similar Drama

0 Comments: