Martial World Myanmar ရဲ့ ရုပ်ရှင်ပရိတ်သတ်ကြီးအတွက် စိတ်ဝင်စားဖွယ်ရာ ကားကောင်းလေးတစ်ကားနဲ့ထပ်မံပြီးမိတ်ဆက်ပေးပါ့မယ်
ဇာတ်လမ်းလေးရဲ့နာမည်ကတော့
" မှော်အရှင်မရဲ့ ကိုးဂါထာ "
ဇာတ်လမ်းအကျဥ်းလေးပြောပြရရင်
ကျောက်ကုန်းမင်က သေမျိုးတွေကိုဒုက္ခပေးခဲ့တာကြောင့် သေခဲ့ရတာကိုသူ့ရဲ့ညီမ ကိုယ်ခွဲနတ်သမီး ယွင်ရှောင်းက ကိုးဂါထာနှောင်ဖွဲ့စည်းကိုဖန်ဆင်းပြီး လောကကြီးကို သန့်စင်ပြစ်ပြီး လက်စားချေဖို့ ကြံစည်ခဲ့တယ်
ယန်ကျန့်ကို စေလွှတ်လိုက်ပေမယ့် တိုက်ခိုက်ရင်း ဟွမ်ယွမ် ဂူလောကထဲကို ကျရောက်သွားခဲ့တယ် ယန်ကျန့်ရဲ့ ကောင်းကင်မျက်လုံးကို မတွေ့မချင်း
သူက သေမျိုးခန္ဓာနဲ့ ရှိနေတာမို့ နတ်ဘုရားတွေကိုယှဥ်ပြိုင်တိုက်ခိုက်ဖို့မလွယ်ဘူး
သူကဂူလောကရဲ့မှော်အရှင်မဆီမှာ အပျိုစင်လေးတွေ စတေးနေရတာကို ကယ်တင်ဖို့ကြိုးစားရင်း မုန်ယွဲ့နဲ့ ယွိလန်ကို ဆုံတွေ့ခဲ့တယ် သူတို့(၃)ယောက်အတူ မှော်လက်နက်ရှာဖွေဖို့သွားခဲ့ရင်း မုန်ယွဲ့က သူ့ဘဝအမှန်ကိုသိသွားခဲ့တယ်
မုန်ယွဲ့က ဘယ်သူများလဲ....
ယွင်ရှောင်းနတ်သမီးရဲ့ ဟွမ်ဟော်ကိုးဂါထာကိုဖျက်ဆီးပြီး သူ့ကိုနှိမ်နင်းနိုင်မှာလား...
ယန်ကျန့် ကောင်းကင်မျက်လုံးကို ပြန်လည်ရရှိပြီး နတ်ဘုရားတစ်ပါးပြန်ဖြစ်သွားမလားဆိုတာကိုတော့
" မှော်အရှင်မရဲ့ ကိုးဂါထာ"ဆိုတဲ့ ဇာတ်လမ်းလေးကိုပဲ Martial World Myanmar ရဲ့လက်ရာနဲ့အတူ ကြည့်ရှုခံစားပေးပါဦးနော်
Review by Dannaryi Nway
#MartialWorldMyanmar
0 Comments: