Cook Up a Strom



 

 မင်္ဂလာပါ Martial World Myanmar ပရိတ်သတ်ကြီးရှင်

ဒီတစ်ခါမှာတော့ အချက်အပြုတ်များကို လှလှပပ ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်နော် movie ဖြစ်လို့ ၁ နာရီ ခွဲတည်းနဲ့ အပြီးကြည့်ရမယ့် “နွေဦးရိပ်သာလမ်းမှ စားဖိုမှူးအိပ်မက်” (Cook Up a Storm) ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်.. ဒီဇာတ်ကားထဲက ဇာတ်လိုက်တွေကတော့  ဝါရင့်အဆိုတော် သရုပ်ဆောင် ရှဲ့ထင်ဖုန်း (Nicholas Tse) နဲ့ ကိုးရီးယားနိုင်ငံ CNBlue အဖွဲ့ခေါင်းဆောင် ဂျန်ယုံဟွာ.. တို့ပဲဖြစ်ပါတယ်...

ဇာတ်လမ်းအကျဥ်း
==============

နွေဦးရိပ်သာလမ်းမှာ နှစ်ပေါင်း ၃၀ ကြာ ဖွင့်ထားတဲ့ ချီကျိဆိုတဲ့ စားသောက်ဆိုင်မှ စားဖိုမှူး ကောင်းထျန်းကျစ်ဟာ တရုတ်ရိုးရာအချက်အပြုတ်ပညာကို အလွန်ကျွမ်းကျင်လှပါတယ်... နွေဦးရိပ်သာလမ်းမှ ရပ်ကွက်သူ ရပ်ကွက်သားများကလည်း ထျန်းကျစ် ချက်တဲ့ ဟင်းလျာတွေကို အမြဲစားသုံးနေကြတာပဲ ဖြစ်ပါတယ်

ချီကျိဆိုင်ရဲ့ လမ်းတစ်ဖက်မှာကတော့ ခုမှ ဖွင့်လှစ်ထားတဲ့ အနောက်တိုင်းစတိုင် စတယ်လာ စားသောက်ဆိုင်မှ ဥရောပ မီချီလင် ကြယ်သုံးပွင့်ရ ကမ္ဘာ့အဆင့်မှီ စားဖိုမှူး အန်းပေါလ် ဖြစ်ပါတယ်... ပေါလ် ကတော့ တရုတ်ရိုးရာဟင်းရာတွေဟာ ရှေးရိုးဆန်ပြီး ဆန်းသစ်တီထွင်မှုတွေနဲ့ တိုးတက်မှုမရှိဘူးလို့ အထင်အမြင်ရှိသူတစ်ယောက်ဖြစ်ပါတယ်

ချီကျိက နှစ်ရှည်ဖွင့်ထားတဲ့ ဒေသခံစားသောက်ဆိုင်ဖြစ်ပြီး စတယ်လာ ကတော့ နိုင်ငံတကာအဆင့်မှီစားသောက်ဆိုင်ဖြစ်ပါတယ်.. ဒီစားသောက်ဆိုင်နှစ်ဆိုင်ဟာ ဆီနဲ့ ရေလို ကွာခြားသလို... ဒီစားသောက်ဆိုင်တွေရဲ့ စားဖိုမှူးနှစ်ယောက်ဟာလည်း စျေးထဲက အကောင်းဆုံးသော ကုန်ပစ္စည်းများကြောင့် အမြဲယှဥ်ပြိုင်လာကြတာပါ...

နောက်မှာတော့ စားဖိုမှူးနှစ်ယောက်ဟာ နိုင်ငံတကာအချက်အပြုတ်ပြိုင်ပွဲရဲ့ ခရိုင်အဆင့်ပြိုင်ပွဲမှာ ယှဥ်ပြိုင်ရမှာဖြစ်ပြီး... သူတို့ရဲ့ ပြိုင်ပွဲရလဒ်အပေါ် မူတည်ပြီး နွေဦးရိပ်သာလမ်းရဲ့ အဆောက်အဦးအဟောင်းတွေကို ဖြိုချပစ်ပြီး နိုင်ငံတကာစျေးကွက်ဖန်တီးမှာလား နွေဦးရိပ်သာလမ်းရဲ့ အဆောက်အဦးဟောင်းတွေကို ထိန်းသိမ်းပြီး ယဥ်ကျေးမှုတွေထိန်းသိမ်းမှာလားဆိုတာကတော့ “နွေဦးရိပ်သာလမ်းမှ စားဖိုမှူးအိပ်မက်” (Cook Up a Storm) ဆိုတဲ့ ဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ကြည့်ရမှာပါနော်။



Download Link             Telegram | Mega 
Categories:
Similar Drama

0 Comments: