“ကံကြမ္မာစေရာ”ပထမတွဲရဲ့ အဆက်အနေနဲ့
ဒုတိယတွဲမှာဆိုရင် ကျီရှန်းယွင်ဟာ အိမ်ရှေ့စံမင်းသားချီလင်းရှောင်း(မင်းသားမင်) ရဲ့ဘေးနားကို တဖန်ပြန်လည်ရောက်ရှိလာပါတယ်။
ဒီတစ်ခါမှာတော့ ကျီရှန်းယွင်ဟာ လန်ရို့ရှီးဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကိုရောက်ရှိလာတာပါ။ ကျီရှန်းယွင်က လန်ရို့ရှီးအသွင်နဲ့ဖြစ်တာကြောင့် မင်းသားမင်အနေနဲ့ မမှတ်မိနိုင်သလို မယုံကြည်နိုင်ဖြစ်နေတာပေါ့။
ဒါကြောင့် လန်ရို့ရှီးဟာ မင်းသားမင်တစ်ဖန်ပြန်ပြီး မှတ်မိလာစေဖို့အတွက် အနေနီးစပ်အောင် တတ်ကျွမ်းတဲ့ဆေးပညာရပ်တွေကို အသုံးချပြီး တော်ဝင်သမားတော်တစ်ယောက်အဖြစ် ကြိုးစားတယ်။
နောက်ပိုင်းလန်ရို့ရှီးနဲ့သူ့သူငယ်ချင်းတွေရဲ့ ကြိုးစားမှုကြောင့် မင်းသားမင်က ပြန်မှတ်မိလာပြီး အတူရှိဖို့အကြောင်းဖန်လာတဲ့အချိန်မှာတော့
မမျှော်လင့်ဘဲ ဖြစ်လာတဲ့ စစ်ပွဲကြောင့် မင်းသားမင်အနေနဲ့ အချစ်ကိုပဲ ရွေးချယ်မလား......
တိုင်းပြည်ကိုပဲ ရွေးချယ်မလား........
နောက်ပြီး လန်ရို့ရှီးအနေနဲ့ရော မင်းသားမင်ကို ဘယ်လိုချဥ်းကပ်မလဲ.....
ဆိုတာကို ဇာတ်လမ်းလေးဆုံးတဲ့ထိ ဆက်ပြီးကြည့်လိုက်ရအောင်နော်
👇👇Download ရယူရန်👇👇
0 Comments: