စာရေးဆရာ Mu Qing Yu ရဲ့ "You are my hero" ဝတ္ထုကို မှီငြမ်းပြီးရိုက်ကူးထားတဲ့
“စွန်းစားခန်းက ချစ်ပုံပြင်”
ဇာတ်ကားလေးပါ
မြို့ပြဆေးရုံကြီးတစ်ခုမှာ အလုပ်ဆင်းခါစ ဆရာဝန်မလေး မီခါဟာ ပျင်းဖို့အချိန်မရှိလောက်အောင် အလုပ်များပါတယ်
လူနာတွေ့လိုက် လက်တွေ့လေ့ကျင့်ရေးတွေဆင်းလိုက်နဲ့ သူ့မှာ အလုပ်အပြင် အခြားအရာတွေအတွက် အချိန်သိပ်မရှိပေမဲ့ သူကတော့ ကျေနပ်နေခဲ့ပါတယ်
လူတွေကို ကူညီကယ်တင်ပေးရတာဟာ သူ့ရဲ့ဆန္ဒဖြစ်ပြီး နောက်ဆုံးတော့ သူ့အိပ်မက်တွေ တကယ်ဖြစ်လာဖို့ အခွင့်အလမ်းပေါ်လာခဲ့ပါတယ်
လူတွေကို ကူညီပေးနိုင်မဲ့ အခွင့်အလမ်းရလာတဲ့အခါမှာတော့ မီခါဟာ ဆေးရုံနဲ့ SWAT ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်တဲ့ အရေးပေါ်ကယ်ဆယ်ရေး လက်တွေ့သင်တန်းကို တက်ရောက်ခဲ့တယ်
အဲဒါက သူ့ရဲ့ဘဝကို ပြောင်းလဲဖို့အတွက် ဖြစ်လာခဲ့တယ်
လူတွေအများအပြားသေဆုံးစေခဲ့တဲ့ ငလျင်တစ်ခုလှုပ်ခတ်သွားတဲ့အခါ မီခါဟာ ကူညီကယ်ဆယ်ရေးအတွက် ငလျင်ဗဟိုချက်ထိခဲ့တဲ့ဒေသကို ဆေးအဖွဲ့သားတွေနဲ့အတူ စေလွှတ်ခြင်းခံခဲ့ရပါတယ်
မီခါနဲ့ စတွေ့တဲ့အချိန်က အထင်လွဲမှုတစ်ခုကြောင့် အမြင်မကြည်ဖြစ်နေတဲ့ အထူးအေးဂျင့် သျှင်ခယ့်လေတို့တပ်ဖွဲ့ဟာလည်း ဒီအန္တရာယ်များတဲ့တာဝန်ကို ထမ်းဆောင်ဖို့ ထွက်လာခဲ့ပါတယ်
နှစ်ဦးကြား အထင်လွဲမှုတွေ ရှိနေခဲ့ပေမဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေကို ကယ်တင်ဖို့အတွက် လက်တွဲအလုပ်လုပ်ခဲ့ကြပါတယ်
အတူတူ အလုပ်လုပ်ရင်း တစ်ဦးချင်းစီရဲ့ ပင်ပန်းမှုတွေကိုတွေ့မြင်လာရတဲ့အခါမှာတော့ တစ်ဦးအပေါ်တစ်ဦး ခံစားချက်တွေ တစ်စတစ်စပျော့ပြောင်းလာခဲ့တယ်
သူတို့တာဝန်ကျနေတဲ့တိုင်းပြည်မှာ ကသောင်းကနင်းအခြေအနေတွေ ဖြစ်လာတဲ့အခါ မီခါနဲ့သူ့ဆေးအဖွဲ့သားတွေဟာ အန္တရာယ်တွင်းထဲ ကျရောက်ခဲ့ရပါတယ်
ဒါကို သျှင်ခယ့်လေက သူ့ရဲ့အသက်ကို ပဓာနမထားဘဲ ကယ်တင်ဖို့ ဆုံးဖြတ်လိုက်တဲ့နောက်........
သူ အချိန်မီ ကယ်တင်လိုက်နိုင်မလား ........
ဆိုတာ ကြည့်ရှုရမဲ့ ကဏ္ဍပေါင်းစုံကလူတွေရဲ့ ရသပေါင်းစုံအချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်
Martial World Myanmar မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦး🤩🤩
#Mi Ei Phyu Phyu Aung
#Cocoa
Details
- Title: 你是我的城池营垒 / Ni Shi Wo De Cheng Chi Ying Lei
- English title: You Are My Hero
- Also known as: You Are My City and Fortress
- Genre: Military, medical, romance
- Episodes: 40
- Broadcast network: iQiyi, Tencent, Youku
- Broadcast period: 2021-Mar-11
👇👇Download ရယူရန်👇👇
Episode 01 Telegram
Episode 02 Telegram
Episode 03 Telegram
Episode 04 Telegram
Episode 05 Telegram
Episode 06 Telegram
Episode 07 Telegram
Episode 08 Telegram
Episode 09 Telegram
Episode 10 Telegram
Episode 11 Telegram
Episode 12 Telegram
Episode 13 Telegram
Episode 14 Telegram
Episode 15 Telegram
Episode 16 Telegram
Episode 17 Telegram
Episode 18 Telegram
Episode 19 Telegram
Episode 20 Telegram
Episode 21 Telegram
Episode 22 Telegram
Episode 23 Telegram
Episode 24 Telegram
Episode 25 Telegram
Episode 26 Telegram
Episode 27 Telegram
Episode 28 Telegram
Episode 29 Telegram
Episode 30 Telegram
Episode 31 Telegram
Episode 32 Telegram
Episode 33 Telegram
Episode 34 Telegram
Episode 35 Telegram
Episode 36 Telegram
Episode 37 Telegram
Episode 38 Telegram
Episode 39 Telegram
Episode 40 Telegram
0 Comments: