The Yin Yang Master (2021)


 

"The Yin Yang Master" 2021 Moive

" ဝိဥာဉ်စောင့်ရှောက်သူနှင့် နတ်ဆိုးမိစ္ဆာ "

ဇာတ်လမ်းအကျဉ်းလေးကတော့....

ချင်းမင်ဆိုတဲ့ မိစ္ဆာတစ်ပိုင်းလူသားတစ်ပိုင်း သွေးနှောကောင်လေးရဲ့ ကြမ်းတမ်းတဲ့ဘဝခရီးလမ်းကို တွေ့ကြုံခဲ့ရတယ် 

ငယ်စဉ်ဘဝမှာ ယင်ယန်ကျောင်းတော်မှာ ပညာသင်ပြန်တော့ မိစ္ဆာတစ်ပိုင်းသွေးနှောဖြစ်လို့ အဖွဲ့ဝင်တွေကြားမှာ လှောင်ပြောင်စရာဖြစ်ခဲ့တယ်

ခေါင်းကိုးလုံးပါတဲ့ နတ်ဆိုးမြွေနဂါးကြီးကို ယင်ယန်ဆရာသခင်တွေ အသက်စတေးပြီး နှိမ်နင်းခဲ့ပေမယ့်

မိစ္ဆာခန္ဓာပျက်သုဉ်းသော်လည်း စိတ်ဝိဥာဉ်က မှော်သွေးကျောက်အဖြစ် တည်ရှိနေခဲ့တယ်

အဲဒီမှော်သွေးကျောက်ကို ယင်ယန်အဖွဲ့အစည်းရဲ့ ချိပ်ပိတ်ခန်းဆောင်က အစီအရင်နဲ့ချိပ်ပိတ်ထားခဲ့ပေမယ့်မိစ္ဆာတစ်စုက ခိုးယူခဲ့တယ်

မိစ္ဆာတွေခိုးသွားတာကို ချင်းမင်ဟာ မိစ္ဆာတစ်ပိုင်းသွေးနှောမို့ ယင်ယန်အဖွဲ့ရဲ့ အတွင်းလူသူလျှိုအဖြစ်အထင်လွဲခံခဲ့ရပြီးထွက်ပြေးခဲ့ရတယ်

ချင်းမင်ဟာ လူသားတွေရဲ့မြို့တော်မှာ နေမရခဲ့သလို

မိစ္ဆာပြည်မှာလည်း မနေခဲ့ဘဲ သူ့ရဲ့နာခံသူ မိစ္ဆာလေးတွေနဲ့ အတူတူနေထိုင်ခဲ့ကြရင်း သူ့ရဲ့ချစ်စဖွယ်မိစ္ဆာပေါက်စလေးများရဲ့ တလွဲအမူအရာလေးတွေလည်း ရယ်ရွှင်ဖွယ်ကြည့်ရှုနိုင်ပါတယ်

ချင်းမင်ရဲ့သွေးနှောခန္ဓာကိုယ်ကို အသုံးချချင်တဲ့ မိစ္ဆာဧကရာဇ်ရဲ့ အစီအစဉ်အောင်မြင်သွားမလား...

ချင်းမင်ကပဲ နှိမ်နင်းနိုင်ခဲ့မလား.... 


ချင်းမင်အဖြစ် Martial World Myanmar မှ စီစဉ်တင်ဆက်ထားတဲ့ နန်းတွင်းဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့

"မီးလျှံငှက်တို့ရဲ့ ဒိုင်ယာရီ" ဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ Chen Kun ပါဝင်ရိုက်ကူးထားတဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်

"ဝိဥာဉ်စောင့်ရှောက်သူနှင့် နတ်ဆိုးမိစ္ဆာ"ဆိုတဲ့ ဇာတ်လမ်းလေးကို Martial World Myanmar ရဲ့လက်ရာနဲ့အတူ ကြည့်ရှုခံစားပေးပါဦးနော်... 


Review by Dannaryi Nway

#MartialWorldMyanmarမှဘာသာပြန်တင်ဆက်သည်


👇👇Download ရယူရန်👇👇

Download Link            Telegram | Mega
Categories:
Similar Drama

0 Comments: