REVIEW
အေဒီ၇၄၄ခုတုန်းက ချန်အန်းမြို့ကထန်အင်ပါယာရဲ့အသက်သွေးကြောမြို့တစ်မြို့ပေါ့။
အာရှအလယ်ပိုင်းဒေသကို
နှိမ်နင်းတုန်းကကျန်ခဲ့တဲ့သူတွေကတဖြည်းဖြည်းခိုးဝင်လာနေကြတယ်။
အဲ့ဒီအချိန် တရားစီရင်ရေးအဖွဲ့အတွင်းမှာလည်း အပြိုင်အဆိုင်တွေမနာလိုမှုတွေနဲ့ဝရုန်းသုန်းကားဖြစ်နေခဲ့တယ်။
အသက်ရနေပြီဖြစ်တဲ့ဧကရာဇ်ကပွဲတော်အတွင်းမှာလက်ယာအတိုင်ပင်ခံကကိုယ်စားအုပ်ချုပ်မယ်ဆိုတဲ့အကြောင်းကိုကြေညာ ပြီးတာနဲ့တောင်တွေဆီကို သူ့ရဲ့ချစ်ရသူနဲ့ထွက်သွားတော့မယ်ဆိုတဲ့
သတင်းတွေ ထွက်လာချိန်....
လက်ယာအတိုင်ပင်ခံသာကိုယ်စားအုပ်ချုပ်မယ်ဆိုရင် အိမ်ရှေ့စံမင်းသားနန်းချခံရနိုင်သလို
ဒီ့ထက်ဆိုးတဲ့အဖြစ်လည်းဖြစ်လာနိုင်တာကို ရိပ်မိခဲ့လေတဲ့ ဥာဏ်ပညာအကြီးအကဲလည်းဖြစ် တာအိုဘာသာဝင်တွေရဲ့ အကြီးအကဲလည်းဖြစ်တဲ့ အိမ်ရှေ့စံရဲ့မိတ်ဆွေလီဖျင်တစ်ယောက်တိုက်ခိုက်မှုတွေနဲ့အုပ်ချုပ်ခွင့်တွေကို ကာကွယ်တာဆီးဖို့အချိန် ၂၄နာရီသာ ကျန်တော့တဲ့အချိန်...
လီဖျင်နဲ့သူ့ရဲ့အဖွဲ့သားတွေက စစ်မှုထမ်းဟောင်းတစ်ယောက်လည်းဖြစ်ပြီးနောက်ဆုံးသူ့ရဲ့အကြီးအကဲကိုသတ်ခဲ့လို့သေဒဏ်ကျမယ့်ကျန်းရှောင်ကျင်းကိုခေါ်ဆောင်လာပြီးနောက် ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့....
Martial World Myanmar ရဲ့
" သမိုင်းတွင်ခဲ့ချန်အန်းနေ့ရက် " ဆိုတဲ့ကားလေးမှာ
နန်းတွင်းအရှုပ်အထွေး အာဏာအတွက် အားပြိုင်တွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်
Details
- Title: 长安十二时辰 / Chang An Shi Er Chen
- English title: The Longest Day in Chang'an
- Genre: Historical, suspense, mystery
- Episodes: 48
- Broadcast network: Youku
- Broadcast period: 2019-Jun-27
0 Comments: