Martial World Myanmarရဲ့ပရိတ်သတ်တွေကို ထပ်မံမိတ်ဆက်ပေးချင်တာကတော့
" မျိုးဆက်သစ်တို့ အားမာန် "ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းလေးက...
စစ်တပ်ထဲ၀င်ရောက်လာခဲ့ပြီး အမြှောက်တပ်ဖွဲ့ရဲ့စစ်သည်တွေ ဖြစ်လာကြတဲ့ တက္ကသိုလ်ကျောင်းသားလေးတွေရဲ့အကြောင်းကို ရိုက်ကူးပြသပေးထားတာပါ
ရှကျိုးဆိုတာ တဇွတ်ထိုးဆန်ဆန် သူမှန်တယ်ထင်ရင်
အရာရှိတွေကို မကြောက်မရွံ့ပြောတတ်တဲ့လူငယ်လေး
အိုးရန်ကျွင်းဆိုတာကတော့ အေးစက်စက်ရေခဲတုံးလေးလင်းအန်းပေါင်ဆိုတဲ့ ပွင့်ပွင့်လင်းလင်းစကားပြောတတ်တဲ့ကောင်လေးနဲ့ ရီကျစ်မုန်ဆိုတဲ့ ပြဿနာအိုးလေးရယ် သူတို့လေးယောက်ဟာ တက္ကသိုလ်တစ်ခုတည်းမှာပဲ
ပညာအတူသင်ယူခဲ့ကြပြီး တာဝန်ထမ်းဆောင်ရာ
တပ်ခွဲမှာပါ အတူပြန်ဆုံခဲ့ကြတယ်
သူတို့ရဲ့ ကြုံတွေ့ခဲ့ရတာဲ့အခက်အခဲတွေ စိတ်ဓါတ်ပိုင်းဆိုင်ရာစစ်ဆေးဖို့အတွက် အစမ်းသပ်ခံခဲ့ကြရတာတွေ
ရှကျိုး နဲ့ သူတို့တွေ တစ်ချိန်လုံး မတည့်အတူနေတွေကနေ အတူတူပူးပေါင်းဆောင်ရွက်ရင်း အဖွဲ့အစည်းစိတ်ဓါတ်ဆိုတာဘယ်လိုဆိုတာ တဖြည်းဖြည်းသဘောပေါက်နားလည်လာကြတယ်
ဒီဇာတ်ကားလေးကို ကြည့်ရင်း စစ်ကားတစ်ကားလို့မတွေးဘဲ အနာဂတ်မျိုးဆက်သစ်တွေ ကိုယ့်ကိုယ်ကိုယ်
ဘယ်လို့ပြုပြင်ပြောင်းလဲသင့်သလဲ လူငယ်တွေရဲ့ခွန်အားက အနာဂတ်မှာ ဘယ်လောက်အရေးပါသလဲဆိုတာကို မြင်တွေ့ကြရပါလိမ့်မယ်
ရှကျိုးအဖြစ် Li Yi Feng
အိုးယန်ကျွင်းအဖြစ် Oliver Chenတို့က
အတွဲညီညီသရုပ်ဆောင်ထားကြတာမို့ကြည့်ကောင်းမယ့် ဇာတ်ကားလေးတစ်ကားပါ
"မျိုးဆက်သစ်တို့ အားမာန်"လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားလေးကို Martial World Myanmarရဲ့
လက်ရာကောင်း ဇာတ်လမ်းတွဲ တစ်ခုအနေနဲ့တင်ဆက်ပြသပေးသွားမယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါးအပ်ပါတယ်
Review by Dannaryi Nway
Details
- Title: 号手就位 / Hao Shou Jiu Wei
- English title: The Glory of Youth
- Genre: Military
- Episodes: 49
- Broadcast network: Jiangsu TV, Zhejiang TV
- Broadcast period: 2021-Apr-13 to 2021-May-11
👇👇Download ရယူရန်👇👇
0 Comments: