"သွေးချွေးကြားက သံမဏိသစ္စာ ၂ " (ရုပ်ရှင်)
The Bravest Escort Group 2 (Movie) (2021)
ဇာတ်လမ်းအညွှန်း
============
ပြီးခဲ့တဲ့ သွေးချွေးကြားက သံမဏိသစ္စာ ပထမပိုင်းမှာ
ချင်းဖျင်အစောင့်အကြပ်အဖွဲ့ဟာ ချန်းယွမ်ယွမ်ကိုကာကွယ်ရင်း ရန်သူတွေရဲ့သတ်ဖြတ်ခြင်းခံခဲ့ရပြီးနောက် ခေါင်းဆောင်ရန်လျှို့အန်းနဲ့ ချန်းယွမ်ယွမ်တို့ ဘယ်ဆီမှန်းမသိအောင် သိုင်းလောက ကနေ အစဖျောက်နေခဲ့ကြပါတယ်
သူတို့ကိုပုန်ကန်သူတွေအဖြစ်သတ်မှတ်ထားတဲ့ တိုင်းပြည်အရာရှိတွေလက်ထဲကပုန်းရှောင်ရင်း ရတနာမြေပုံကို အသည်းအသန်လိုချင်နေတဲ့ လူ့မိစ္ဆာတွေကြောင့် ရန်လျှို့အန်းရဲ့ မိသားစု ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပါတယ်
ပထမညီနောင်တွေဆုံးရှုံးခဲ့ရတယ် နောက်မိသားစုကိုပါဆုံးရှုံးလိုက်ရတဲ့ ရန်လျှို့အန်းတစ်ယောက် လောကဓံကို ကြံ့ကြံ့ခံနိုင်ပါ့မလား ?
သေဆုံးခဲ့ရသူတွေအတွက် သွေးကြွေးကိုရော ပြန်ဆပ်နိုင်မလားဆိုတာ ဒီရုပ်ရှင်လေးထဲမှာ ရှာဖွေလိုက်ကြပါစို့ခင်ဗျာ
#MartialWorldMyanmar
0 Comments: