The Bravest Escort Part 1


 


The Bravest Escort Group (2018) (Movie) 
" သွေးချွေးကြားက သံမဏိသစ္စာ " 

ဇာတ်လမ်းအညွန်း
============= 

ဆုန်မင်းဆက် မင်းဧကရာဇ်ခန်းရှီလက်ထက်မှာ
ဝူစန်းကွေ့ဟာ မာပေါင်ယွမ်ကိုစစ်သူကြီးအဖြစ်ခန့်ထားပြီး
စစ်ရေးအရအရေးပါလှတဲ့ဒေသတွေကို သိမ်းပိုက်စေကာ မိမိအင်အားနဲ့တိုင်းပြည်ထူထောင်နိုင်လောက်အောင် အင်အားတောင့်တင်းခဲ့ပါတယ် 

ဇာတ်လမ်းအဖွင့်ကိုတော့ ဘုရင်ဝူစန်းကွေ့နတ်ရွာစံတာကနေအစပြုထားပါတယ်
ဝူစန်းကွေ့သေဆုံးပြီးနောက် စစ်သူကြီးမာပေါင်က ဝူစန်းကွေ့ရဲ့ ကျန်ရစ်သူမိသားစုကိုကာကွယ်ဖို့ ချုံအန်းမြို့ကိုပို့ဆောင်ဖိုစီစဉ်ရပါတော့တယ် 

ဒီနေရာမှာ အန္တရာယ်ကင်းအောင်ဘယ်လိုပို့ဆောင်ရမလဲ စဉ်းစားရကြပ်နေရင်း ရန်လျှို့အန်းဦးဆောင်တဲ့ ကြေးစားအစောင့်အကြပ်တစ်ဖွဲ့ကို​တွေ့ပါတော့တယ် 

ရန်လျှို့အန်းတို့ရဲ့ မိသားစုလိုဖြစ်နေကြတဲ့ အစောင့်အကြပ်အဖွဲ့က လွန်လေသူဝူစန်းကွေ့ရဲ့မိသားစုဝင်တွေကို ချုံအန်းမြို့ကိုပို့ဆောင်ရာ လမ်းတစ်လျောက် ရန်သူ ချင်စစ်သည်တွေနဲ့ တိုက်ခိုက်ကြရင်း ခရီးဆုံးအောင်ရောက်ကြမလား? 

ကြေးစားပေမဲ့ သွေးချွေးပင်လယ်ဝေအောင်တိုက်ခိုက်ကာ သစ္စာတရားကိုအလေးထားကြတဲ့ သူတို့ရဲ့နှလုံးသားကို ထင်းနေအောင်မြင်ရစေမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်​
#MartialWorldMyanmar



👇👇Download ရယူရန်👇👇

Download Link            Telegram | Mega |
Categories:
Similar Drama

0 Comments: