ပရိတ်သတ်ကြီးကိုဒီနေ့ ထွက်ရှိလာတဲ့ မူးယစ်ဆေးစုံစမ်းရေး ရဲကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်
Stealth Walker ဆိုတဲ့ကားလေးမှာတော့ Zhang Ye Cheng နဲ့ Lin Peng တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းလေးကတော့ လင်ချန်းကဖခင်ဆုံးပါးပြီးနောက်ပိုင်းမှာ ဦးလေးဖြစ်သူနဲ့နေထိုင်ရတဲ့ မိန်းမလေးတစ်ယောက်ပါ မူးယစ်ဆေးစုံစမ်းရေးရဲတစ်ယောက် ဖြစ်ချင်တဲ့သူ့ရဲ့အိပ်မက်အတွက် ကြိုးစားရင်း တစ်ဖက်မှာ အဖေ့ရဲ့ဂုဏ်သတင်းကျော်ကြားမှုကိုလည်း အမီလိုက်နိုင်ဖို့ ဖိအားတွေရှိခဲ့တာပေါ့ တစ်နေ့ရုတ်တရက် မူးယစ်ဆေးဂိုဏ်းကြောင့် တစ်ဦးတည်းသော ဦးလေးပါသေဆုံးသွားတဲ့အခါ မှာ လင်ချန်းဟာ စုံစမ်းရေးရဲတစ်ယောက်ဖြစ်လာရဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတယ်
ဒီကားလေးက မြန်မာနယ်စပ်မှာလာရိုက်ထားသလို မူးယစ်ဆေးစုံစမ်းရေးအကြောင်းဖြစ်တဲ့အတွက် actionခန်းတွေလည်းပါမှာဖြစ်တဲ့အတွက် စောင့်ကြည့်ပေးကြပါဦး
သန်းခေါင်ယံညရဲ့ မိန်းမပျို လို့နာမည်ပေးထားပြီး အပိုင်း (၂၄)ပိုင်းပါရှိမှာဖြစ်ပါတယ်ဗျ
Details
- Title: 玫瑰行者 / Mei Gui Xing Zhe
- English title: Stealth Walker
- Genre: Police
- Episodes: 24
- Broadcast network: Youku
- Broadcast period: 2021-Aug-11
👇👇Download ရယူရန်👇👇
0 Comments: