ဇာတ်လမ်းအကျဉ်း
======================
မင် မင်းဆက် ဧကရာဇ်လုံချင် အုပ်စိုးစဉ်ကာလအတွင်းမှာ
အမတ်ကြီးဖြစ်ခဲ့ဖူးတဲ့ လင်းရှောင်ချွမ်း (Bai Lu) ရဲ့ဖခင်ဖြစ်သူ သေဆုံးပြီးနောက်မှာ သူတိုမိသားစုက ယိုင်နဲ့နဲ့ဖြစ်လာပါတော့တယ်။
ကိုယ်တိုင်ရှင်သန်နိုင်အောင် ကြိုးစားရုန်းကန်ရင်း လင်းရှောင်ချွမ်းတစ်ယောက် စွမ်းရည်ပြအဖွဲတစ်ခုမှာ ပါဝင်ဖိုလေ့ကျင့်ပါတော့တယ်။
အဲဒီမှာပဲ စွန်းယွိလုံ (Wang Yizhe)ဆိုတဲ့လူငယ်တစ်ယောက်နဲ့တွေ့ဖို ကြမ္မာဖန်လာပြီး စွန်းယွီလော့ကလည်း သူ့ကို မြင်မြင်ချင်းသဘောကျသွားခဲ့ပါတယ်။
လင်းရှောင်ချွမ်းက သူ့အဖေရဲ့အမည်ဆိုးကိုဖယ်ရှားဖို
ယောကျ်ားသားဟန်ဆောင်ကာ အရှာရှိစာမေးပွဲဝင်ဖြေဖို ကြိုးစားပါတယ်။ တစ်ချိန်တည်းမှာပဲ စွန်းယွိလုံကလည်း သူ့ကိုတိတ်တဆိတ်ကူညီနေခဲ့ပါတယ်။
တစ်နှစ်ကြာတဲ့အခါမှာတော့ စွန်းယွိလုံရဲ့မေတ္တာတရားတွေရယ် ရှောင်ချွမ်းရဲ့မဆုတ်မနစ်ကြိုးစားမှုတွေရယ်ကြောင့်
အောင်မြင်တဲ့ အမျိုးသမီးကုန်သည်တစ်ယောက်ဖြစ်လာပါတယ်။
သူတို၂ယောက်လက်ထပ်ပြီး စွန်းအိမ်တော်ကိုရောက်လာတဲ့အခါ အိမ်တော်ထဲကမိသားစုတွေနဲ့ အဆင်ပြေအောင်ဘယ်လိုနေထိုင်ရမလဲ မိသားစုတွင်းပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ လေ့လာသင်ယူရပါတော့တယ်။
အိမ်တော်မှာရှိတဲ့မိသားစုတွေရဲ့ ရယ်ခြင်း ငိုခြင်း သုခ ဒုက္ခနဲ့ ပြည့်စုံနေတဲ့ ဘဝဇာတ်ခုံအစုံစုံကို ဒီဇာတ်လမ်းမှာရှုစားကြရမှာဖြစ်ပြီး အပိုင်းအနေနဲ့ကတော့ ၄၃ ပိုင်းပါဝင်မှာဖြစ်ပါတယ်
Details
- Title: 玉楼春 / Yu Lou Chun
- English title: Song of Youth
- Also known as: Yu Lou and Chun
- Genre: Historical, romance
- Episodes: 43
- Broadcast network: Youku
- Broadcast period: 2021-Jul-26
👇👇Download ရယူရန်👇👇
0 Comments: