Eight Banners Tomb


 မင်္ဂလာပါ Martial World Myanmar ပရိတ်သတ်ကြီးရှင် 

ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ "အောင်လံသင်္ချိုင်းရဲ့ မာယာ" (Eight Banners Tomb 2021)  ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်

"သုံးရီးမြို့က ရတနာလှေ
ပင်လယ်ထဲမရှိ ထျန်းရှန်းမှာရှိ
သဲမုန်တိုင်းတွေရဲ့အလည်
အောင်လံရှစ်ခုသင်္ချိုင်း မကောင်းနိမိတ်အောင်း" ဆိုတဲ့
လှည့်ဖြားမှုတွေနဲ့ ပြည့်နှက်နေတဲ့ မာယာများတဲ့ အောင်လံရှစ်ခုသင်္ချိုင်းကနေ အစပြုလိုက်တဲ့ "အောင်လံသင်္ချိုင်းရဲ့ မာယာ" ဇာတ်လမ်းဟာ သဘာဝလွန် Thriller, Mystery, Fantasy ဇာတ်လမ်းလေး တစ်ခုဖြစ်ပါတယ် လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က ဝမ်ဝေ့ကော် ခေါင်းဆောင်တဲ့ နဂါးခြေရာခံအဖွဲ့ဟာ အောင်လံရှစ်ခုသင်္ချိုင်းကို ရှာဖွေရင်း မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ပြန်မလာခဲ့ပါဘူး 

ဝမ်ဝေ့ကော်ရဲ့ သားဖြစ်သူ ဝမ်ပေါင်ရင်ဟာ အဖေဖြစ်သူရဲ့ မပြီးပြတ်ခဲ့တဲ့ အောင်လံရှစ်ခုသင်္ချိုင်းရဲ့ လျှို့ဝှက်ချက်ကို အမြဲစူးစမ်းနေခဲ့တာပါ 
ပေါင်ရင်ဟာ သူ့ရဲ့ တစ်ဦးတည်းသော ချစ်သူငယ်ချင်း ဝတုတ်နဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းနိုင်တဲ့ မိစ္ဆာနှိမ်တုတ်ကို ပိုင်ဆိုင်ထားတဲ့ တောင်ရွေ့ဂိုဏ်းရဲ့ တစ်ဦးတည်းသော မျိုးဆက် ကျန့်ရှင်း တို့နဲ့အတူ အောင်လံရှစ်ခုသင်္ချိုင်းကို ရှာဖွေရင်း 
တစ်ကိုယ်ကောင်းဆန်ပြီး အောင်လံရှစ်ခုသင်္ချိုင်းက ရတနာတွေကို မက်မက်မောမောရှာဖွေနေတဲ့ ချူးကျန်ဖင်းတို့ အဖွဲ့နဲ့ 
ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာ ဝမ်ရှောင်ရင်တို့အဖွဲ့ ရတနာတွေကို ရှာတွေ့နိုင်မှာလား သူ့အဖေလိုပဲ ရှုံးနိမ့်မှာလား ဇာတ်လမ်းက ဘယ်တွေဆက်ဖြစ်မှာလဲဆိုတာ စိတ်ဝင်စားဖွယ် ရင်မောဖွယ် ကြည့်ရမှာပါနော်။
#MartialWorldMyanmar


👇👇Download ရယူရန်👇👇

Download Link            Telegram | Mega |

Categories:
Similar Drama

0 Comments: