ဒီတစ်ခေါက် Martial World Myanmar Pageရဲ့ ပရိတ်သတ်တွေအတွက် ရွေးချယ်တင်ပြပေးမှာကတော့
" လွတ်မြောက်ခြင်းလမ်းစ "ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်
ရွှေတြိဂံဒေသရဲ့ မူးယစ်ရာဇာတွေအကြောင်းနဲ့ ကြေးစားတိုက်ခိုက်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ မိသားစုအကြောင်းရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်
ကြေးစားတိုက်ခိုက်ရေးအဖွဲ့ခေါင်းဆောင် သာ့ရုံ
သူ့ရဲ့အဖွဲ့သားတွေကို သွေးအေးအေးနဲ့ သတ်ဖြတ်သွားတဲ့ လက်ဖြောင့်စနိုက်ဘာတစ်ယောက်ကိုလက်စားချေဖို့ထိုင်းနိုင်ငံနယ်စပ်ဒေသမှာပဲ နေထိုင်ခဲ့တယ် သူ့ရဲ့ဇနီးသည်သေဆုံးသွားတဲ့အခါမှတော့ ချစ်ရတဲ့တစ်ဦးတည်းသော သမီးလေးနဲ့ အတူနေထိုင်ရင်း သမီးဖြစ်သူရဲ့ချစ်သူကောင်လေးက တရားမဝင် ဘိန်းမှောင်ခိုရောင်းဝယ်နေတဲ့သူဖြစ်နေလေသောအခါ...
ချစ်သူကောင်လေးခိုင်းသမျှ ပစ္စည်းတွေ ပါဆယ်ပို့ပေးရင်း ပါဆယ်ထုပ်ချင်းမှားပြီးပို့မိသွားခဲ့တယ် ဒါကြောင့်
ဘိန်းမှောင်ခိုသမားတွေရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတယ် သာ့ရုံက သူ့သမီးလေးကို လွတ်မြောက်အောင်ကယ်တင်နိုင်မလားဆိုတာကိုတော့....
Martial World Myanmarမှ လက်ရာကောင်းရုပ်ရှင်တစ်ကားအနေနဲ့မကြာခင်တင်ဆက်ပြသပေးမှာမို့ အားပေးကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါတယ်
Review by Dannaryi Nway
#Martialworldmyanmar
👇👇Download ရယူရန်👇👇
Download Link Telegram |
0 Comments: