Hello ဒီနေ့
မိန်းကလေးသူငယ်ချင်းတွေကြားမှာ
အချင်းချင်းအားပေးဖေးမမှုလေးတွေ
ဘဝမှာ အလုပ်နဲ့အချစ်ကြားမှာ ဖြစ်မြဲကိစ္စလေးတွေပါဝင်တဲ့စိတ်ကုစားပေးတဲ့ ရသစုံဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
“Be Together”
“လက်တွဲမဖြုတ်ကြေး”
ဇာတ်ဆောင်တွေကတော့....
"ရှယန်" အဖြစ် "Sun Yi"
"ရွှီချိန်ရိ" အဖြစ် "Zhang Bingbing"
ဇာတ်လမ်းအကျဉ်းကတော့...
အသက်၃၀ပြည့်တော့မဲ့ မိန်းကလေး၄ယောက်ရဲ့ဘဝအကြောင်းပါ
ရှယန်၊ လျန်စွမ်၊ ကျောက်ရှောင်လေ၊ ရှန့်နန် တို့ကတက္ကသိုလ်ထဲကခင်လာတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး
ဘွဲ့ရပြီးနောက်ပိုင်းမှာတော့ တစ်မြို့ထဲမှာ အတူနေထိုင်ပြီး အလုပ်လုပ်ကြတယ်
ရှယန်က လူတွေရဲ့ဘဝတွေကိုအဆင့်အတန်းမြှင့်ပေးနိုင်တဲ့ ပရိုဂရမ်တစ်ခုတီထွင်ချင်တဲ့သူတစ်ယောက်
ဘွဲ့ရပြီးနောက်ပိုင်း အိုင်တီနယ်ပယ်ကိုဝင်ရောက်ခဲ့ပြီး SGအဖွဲ့အစည်းရဲ့ ပရောဂျက်ကိုယ်စားလှယ်တစ်ဦးဖြစ်လာခဲ့တယ်
ဒီလိုအလုပ်ကလွဲပြီး ဘာမှစိတ်မဝင်စားတဲ့သူမရဲ့ဘဝမှာ အချစ်နဲ့ကြုံတွေ့ရတဲ့အခါ...
ဒီဇိုင်နာတစ်ဦးဖြစ်ချင်တဲ့ လျန်စွမ်ကချမ်းသာတဲ့မိသားစုအသိုင်းအဝိုင်းကလာပေမဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး အောက်ခြေကနေ စတင်အလုပ်လုပ်ခဲ့တယ်
ပရိဘောဂဒီဇိုင်းဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ရင်း အခက်အခဲတွေကြားက ဒေါက်တာ မာခယ့်နဲ့ချစ်ကြိုက်မိတဲ့အခါ...
ကျောက်ရှောင်လေကတော့ ပုံမှန်မိသားစုအသိုင်းအဝိုင်းက ဆင်းသက်လာသူဖြစ်ပြီး
သူမရဲ့မင်္ဂလာဆောင်မတိုင်ခင် သတို့သားကရုတ်တရက်လမ်းခွဲသွားခဲ့တဲ့အတွက် စိတ်ဓာတ်ကျနေသူတစ်ယောက်ပေါ့
နောက်ပိုင်းမှာတော့ သူမဟာ အတိတ်ရဲ့နှောင်ဖွဲ့မှုတွေကရုန်းထွက်ပြီး ကိုယ်ပိုင်ယုံကြည်ချက်ကို ဘယ်လိုမျိုးပြန်လည်ရှာဖွေမလဲ...
ဆရာဝန်မလေးဖြစ်တဲ့
ရှန့်နန်ကတော့ တည်ငြိမ်အေးဆေးပြီး နှလုံးသားတံခါးပိတ်ထားသူတစ်ယောက် တစ်ရက်တော့ မတော်တဆမှုတစ်ခုကြောင့် သူမဘဝမှာ ဘယ်လိုပြောင်းလဲမှုလေးတွေ ဖြစ်လာမလဲ...
ဒီလိုမိန်းမလှလေး၄ယောက်ရဲ့ဘဝမှာ
အလုပ်နဲ့အချစ်ကြား
ဘယ်လိုပြဿနာလေးတွေဖြစ်လာမလဲ ဘယ်လိုမျိုးဖြေရှင်းသွားမလဲဆိုတာကိုတော့
Martial World Myanmarကတင်ဆက်ပေးမဲ့
“လက်တွဲမဖြုတ်ကြေး”
ဒီအချစ်ဒရမ်မာဇာတ်လမ်းလေးမှာ
စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်
#Betogether
#Thuzar
Details
- Title: 我和我们在一起 / Wo he wo men zai yi qi
- English title: Be Together
- Genre: Romance, friendship, life
- Episodes: 35
- Broadcast network: Mango TV
- Broadcast period: 2021-Jun-28
0 Comments: